NEWS

ဇူလိုင်လ စတုတ္တ တပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်

CoverLogo
106 Views

Myanmar Labour News မှာ ပြီးခဲ့တဲ့ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပ အလုပ်သမားအရေးနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့သတင်းတွေကို အနှစ်ချုပ်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီလိုတစ်ပတ်တာ သတင်းအနှစ်ချုပ်ကို စုစည်းဖော်ပြရတာကတော့ ပြည်သူတွေ၊ အလုပ်သမားတွေ  တွေ့ကြုံရင်ဆိုင်နေရတဲ့ အခြေအနေတွေကို တစ်စုတစ်စည်းတည်း အချိန်တိုတွင်း သိရှိနိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

ဇူလိုင်လ (၂၂) ရက်

အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို ဒိုက်ဦးနဲ့ သာယာဝတီအကျဉ်းထောင်တွေကို ပြောင်းရွှေ့လိုက်တဲ့အတွက် မိသားစုဝင်တွေ ထောင်ဝင်စာပို့ဖို့ အခက်အခဲဖြစ်ပေါ်နေပါတယ်။
တရုတ်နိုင်ငံကို တရားဝင်လုပ်သားစေလွှတ်နိုင်ဖို့ နှစ်နိုင်ငံ ညှိနှိုင်းခဲ့ပေမယ့် ပြည်ဝင်ခွင့်ဗီဇာပြဿာနာကြောင့် ရပ်နားထားရပါတယ်။
လာမယ့် (၁၀) ရက်အတွင်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာသွန်းပြီး မြစ်ရေဆက်လက် မြင့်တက်လာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
လူမှုဖူလုံရေး အာမခံအလုပ်သမားတွေအနေနဲ့ ဖခင်ဖြစ်ခွင့် အကျိုးခံစားခွင့်ကို မရသလောက် နည်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် (၁၉) လမ်းမှာရှိတဲ့ Black House Bar ဖောက်ခွဲတိုက်ခိုက် ခံခဲ့ရပါတယ်။
အာဏာသိမ်းကာလအတွင်း ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ  နေထိုင်သူတွေဟာ နည်းလမ်းအမျိုးစုံနဲ့ အခက်အခဲတွေ ကျပ်တည်းမှုတွေကို ရင်ဆိုင်နေရ ပါတယ်။ “ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ လူမှုဘဝ အကျပ်အတည်းများ” ဆောင်းပါးမှာတော့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို စုစည်းဖော်ပြထားတာပဲ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းစဉ် ပထမဦးဆုံး အာဏာရှင် ဆန့်ကျင်ရေး ဦးဆောင်ဆန္ဒပြခဲ့တဲ့ ဒေါက်တာ တေဇာဆန်းဟာ မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။

ဇူလိုင်လ (၂၃) ရက်

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတဲ့ ကိုဖြိုးဇေယျာသော် (ခ) ကိုမောင်ကျော်၊ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုလှမျိုးအောင် (ခ) ကိုမျိုးနဲ့ ကိုအောင်သူရဇော် (ခ) ကိုဂတုံးတို့ (၄)ဦးကို ဥပဒေမဲ့ ကြိုးပေးသတ်ဖြတ်ခံခဲ့ရတဲ့ နှစ်နှစ်ပြည့် ဝမ်းနည်းမှု အနေနဲ့  “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” စာတန်းကို စမ်းချောင်းပင်မသပိတ် စစ်ကြောင်းက ပန်းဆိုးတန်းခုံးကျော်တံတားမှာ ချိတ်ဆွဲခဲ့ပါတယ်။ 
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲချလို့ သေဆုံးသူတွေ ထဲမှာ ကရင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူ စောမောင်ကြီးလည်း သေဆုံးခဲ့ပါတယ်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ကွပ်မျက်ခံရမှု (၂)နှစ်ပြည့်ကို အမေရိကန် သံရုံးက အောက်မေ့ဖွယ်အမှတ်အသား ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ကုန်တိုက်တစ်ခုဘေးမှာ မြန်မာအလုပ်သမားတစ်ဦး အသတ်ခံရတယ်လို့ ထိုင်းသတင်း ဌာနတွေမှာ ဖော်ပြထားပါတယ်။
ဂျပန်ကုမ္ပဏီ (၂၁၀) ကျော်က မြန်မာအလုပ်သမား (၁၁၀၀)ကျော်ကို အလုပ်ခေါ်ယူဖို့ ကမ်းလှမ်းတယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
အိုမန်ရောက် မြန်မာအိမ်အကူအလုပ်သမား (၇၀) ရာခိုင်နှုန်းဟာ ခေါင်းပုံဖြတ်ခံရပြီး ဥပဒေအကာအကွယ်မရှိလို့ ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါတယ်။
လုပ်ငန်းခွင်ထိခိုက်နစ်နာမှုကြောင့် ဖူလုံရေးစရိတ်ထုတ်ယူရာမှာ သတ်မှတ်ချက်တွေကြောင့် နစ်နာမှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
Feng Teng Garment မှာ အချိန်ပိုတွေ အလွန်အကျွံ ခေါ်ယူခိုင်းစေနေပြီး၊ စံချိန်အများအပြား တောင်းခံနေတယ် လို့ အလုပ်သမားတွေက ပြောပါတယ်။
အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ ဖိနှိပ်မှုတွေ၊ လုပ်ငန်းခွင်တွင်း အဆင်မပြေမှုတွေကို အထည်ချုပ်လောကရဲ့အတွင်းရေးဆိုပြီး ပေးစာကဏ္ဍာမှာ ဖော်ပြခဲ့ပါတယ်။
“ဦးဝင်းမြင့်သာ ငါတို့သမ္မတ”ဆိုတဲ့ စာသားပါ ဗွီနိုင်းကို ရန်ကုန်မြို့တစ်နေရာမှာ ချိတ်ဆွဲခဲ့တယ်လို့ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ (၂၄) ရက်

ပြည်ပရောက် အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေးပို့မှုမရှိတဲ့အေဂျင်စီတွေကို လုပ်သား စေလွှတ်ခွင့် ဆိုင်းငံ့မယ့်အပြင် ဒဏ်ကြေးပါ ကောက်ခံမယ်လို့  အလုပ်သမားဝန်ကြီးဌာနက အသိပေးထား ပါတယ်။
၂၀၂၀ ခုနှစ်မှာ အခြေခံလုပ်ခလစာဒေါ်လာ (၁၆၀) ဝန်းကျင်ရှိနေပြီး ၊ ၂၀၂၄ ခုနှစ်မှာတော့ အခြေခံလုပ်ခလစာ ဒေါ်လာ (၄၀) ကျော်သာ ရရှိနေပါတယ်။
အထောက်အထားနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို စီမံချက်နဲ့ ဖမ်းဆီးနေတဲ့အတွက် မြန်မာအလုပ်သမားတွေ နေထိုင်သွားလာရေးအတွက် စိုးရိမ် နေပါတယ်။
မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာအလုပ်သမား (၈၀) ကျော် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရ တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
အလုပ်သမားဝန်ကြီးဌာနရဲ့ အဂတိလိုက်စားမှု အခြေအနေတွေနဲ့ ပတ်သတ်ပြီး “အလုပ်မဖြစ်တဲ့ အလုပ်သမား ဝန်ကြီးဌာနရဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့” ဆိုတဲ့ ဆောင်းပါးမှာ ထောက်ပြဝေဖန်ထားတာပဲ ဖြစ်ပါတယ်။

ဇူလိုင်လ (၂၅) ရက်

စစ်အာဏာသိမ်းပြီးနောက်မှာ အလုပ်သမားတစ်ဦးရဲ့ တစ်နေ့လုပ်ခလစာဟာ တစ်ဒေါ်လာသာ ရရှိနေ တာဖြစ်တဲ့အတွက် ပြည်ပအလုပ်အကိုင်တွေကို ပိုမိုရွေးချယ်လာကြပါတယ်။
ထိုင်းရောက် မြန်မာနိုင်ငံသား CDM ဝန်ထမ်းတွေ အမည်မည်းစာရင်းက ပယ်ဖျက်လိုပါက လာရောက် လျှောက်ထားနိုင်တယ်လို့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
ရေတိုက်စားမှုကြောင့် ကရင်ပြည်နယ် ဘားအံ-ထို့ကော်ကိုးလမ်း-မြဝတီလမ်းပိုင်းရှိ နောင်ခွီးတံတား ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။

ဇူလိုင်လ (၂၆) ရက်

တိုင်ဖွန်းမုန်တိုင်းကြောင့် MV FU SHUN အမည်ရှိ သင်္ဘောနစ်မြုပ်ခဲ့ပြီး ပျောက်ဆုံးနေတဲ့ မြန်မာသင်္ဘောသား (၉)ဦး အနက် (၄)ဦး ပြန်လည်တွေ့ရှိတယ်လို့ သိရပါတယ်။
မြဝတီမြို့တွင် (၂၄) နာရီအတွင်း သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် (၁၁) ပေခန့် မြင့်တက်လာမယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်မှာ လေဆင်နှာမောင်းကြောင့် လူနေအိမ် (၇၀) ပြိုကျပြီး လူဦးရေ (၂၀၀)ခန့် အခက်အခဲ ကြုံတွေ့နေရပါတယ်။
လာအိုနိုင်ငံကို အထည်ချုပ်အလုပ်အကိုင်နဲ့ သွားရောက်လုပ်ကိုင်သူ များပြားလာပါတယ်။
မိုးရွာသွန်းမှုများပြီး မြစ်ရေတွေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်လာတာကြောင့် မြန်မာနိုင်ငံရှိ မြို့ကြီး (၁၁)မြို့မှာ  ရေကြီးနစ်မြုပ်မှုဒဏ်ခံနေရပါတယ်။
အစိုးရဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေကို အပိုထောက်ပံ့ကြေးငွေ ကျပ်သုံးသောင်း ခံစားခွင့်ပြုမယ်လို့ စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။
မန်ချောင်းရေလှောင်တမံ အရေးပေါ်အခြေအနေ ပထမအဆင့်အဖြစ် အစိမ်းရောင်အလံလွှင့်ထူ အသိပေးထားပါတယ်။
LITA Myanmar အထည်ချုပ်စက်ရုံတွင် လုပ်ငန်းခွင်တွင်း အလုပ်ရှင်အလိုကျ WCC ဖွဲ့ဖို့ အလုပ်သမားတွေကို အတင်းအကြပ် လက်မှတ်ရေးထိုးခိုင်းနေပါတယ်။
ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးခဲ့တဲ့ မိုးစပါးစိုက်လယ်မြေတွေအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပံ့ပိုးကူညီပေးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လလ (၂၇) ရက်

အင်းစိန်အကျဉ်းထောင်တွင်း အကျဉ်းသား၊ အကျဉ်းသူများ ဝမ်းပျက်ဝမ်းရောရောဂါ ခံစားနေရပြီး လုံလောက်တဲ့ ဆေးဝါးကုသမှု မရရှိဘဲဖြစ်နေပါတယ်။

ဇူလိုင် ၂၈ ရက်

အင်တာနက်သုံးစွဲခြင်းကို စစ်ကောင်စီဟန့်တားထားတဲ့အတွက် ပြည်သူ​တွေ သဘာဝဘေး သတင်းအချက်လက်တွေ အချိန်နဲ့တပြေးညီ သိရှိရန်ခက်ခဲနေပါတယ်။

အခုဖော်ပြခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးရက်သတ္တပတ်ရဲ့ သတင်းအချက်အလက်အနှစ်ချုပ်ဖော်ပြချက်ကို မမ ကစုစည်းပေးထားတာဖြစ်ပါတယ်။


Related posts

Cover
အောက်တိုဘာ ဒုတိယ တပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Oct 13, 2024
Cover
အောက်တိုဘာလ ဒုတိယ တစ်ပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု
Oct 13, 2024
Cover
အောက်တိုဘာလ ပထမ တပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှုများ
Oct 06, 2024
Cover
အောက်တိုဘာလ ပထမ တပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Oct 06, 2024
Cover
စက်တင်ဘာလ စတုတ္ထတပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Sep 29, 2024
Cover
စက်တင်ဘာ စတုတ္ထတပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု
Sep 29, 2024
Cover
စက်တင်ဘာ တတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Sep 22, 2024
Cover
စက်တင်ဘာလ တတိယတပတ်တာ ရွှေဈေး၊ ငွေဈေးနဲ့ ကုန်ဈေးနှုန်းများစုစည်းမှု
Sep 22, 2024