SURVEY

ဆန္ဒထုတ်ဖော်၊ စွက်ဖက်၊ စစ်ဆေး၊ အရေးယူ၊ တရားစွဲမှုများနှင့်  ဩဂုတ်လ ချိုးဖောက်မှု

CoverLogo
138 Views

Myanmar Labour News ရဲ့ Website မှာ ဩဂုတ်လထဲမှာ ဖော်ပြထားတဲ့ သတင်းအပုဒ်အပေါင်း ၁၄၀ နီးပါးကို စိစစ် ခဲ့ရမှာ စက်ရုံအလုပ်ရုံတွေရဲ့ ချိုးဖောက်မှုသတင်း ၄၂  ပုဒ်ပါဝင်ပါတယ်။ ဒီသတင်းတွေက စက်ရုံအလုပ်ရုံ ၃၈ ရုံရဲ့ သတင်းတွေကို ဖော်ပြထားတာဖြစ်ပြီး အလုပ်သမားကဏ္ဍအတွက် ထူးခြားမှုတွေ အများအပြား တွေ့ခဲ့ရပါတယ်။


သတင်းမှာ ဖော်ပြထားတဲ့ လုပ်ငန်းတွေကတော့ အထည်ချုပ်၊ အရုပ်အမွှေးပွ၊ ကျောပိုးအိတ်၊ ဦးထုပ်ချုပ်၊ ဖိနပ်ချုပ် ၊ ဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ မော်တော်ယာဉ်ထုတ်လုပ်ရေး၊ အဖျော်ယမကာ၊ အားကစားပစ္စည်း ထုတ်လုပ် ရေး၊ ပန်းချီဘောင်ထုတ်လုပ်ရေး၊ ကမ်းလွန် ရေနံနှင့် သဘာဝဓါတ်ငွေ့ ဝန်ဆောင်မှု လုပ်ငန်းတွေ ဖြစ်ပါတယ်။


ဩဂုတ်လအတွင်း ဖော်ပြထားတဲ့သတင်းတွေထဲက ထူးခြားမှုကတော့ အလုပ်သမားဝန်ကြီးဌာနရဲ့ မြိုနယ်ဦးစီးမှူး ကိုယ်တိုင်အသင်းအဖွဲ့ ဖွဲ့စည်းမှုတွေကို ခက်ခဲအောင်အောင် ပြုလုပ်တာ၊ ခြိမ်းခြောက်တာနဲ့ အလုပ်ထုတ်တဲ့ လုပ်ငန်းစဉ်တွေမှာ ကိုယ်တိုင် ပါဝင်တာတွေ တွေ့ခဲ့ရတာပါ။


ဩဂုတ်လက စလို့ စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနက ထောက်ပံ့ကြေး ကျပ်တထောင် တိုးမြှင့်ဖို့ ညွှန်ကြားချက် တွေရှိ  လာ ပြီးနောက် အလုပ်သမားတွေက လုပ်ခလစာ တိုးမြှင့်တောင်းဆိုတာတွေလည်း များလာပါတယ်။  
ဥပဒေကို ကျော်လွန်ပြီး အချိန်ပိုခေါ်ယူမှုတွေအတွက် တရားစွဲခံရပြီး တရားရုံးက အလုပ်ရှင်ကို ဒဏ်ငွေချမှတ်ခဲ့တဲ့ သတင်း တွေကိုလည်း ဖော်ပြထားတာကို တွေ့ရပါတယ်။

တာဝန်ခံမှု တာဝန်ရှိစေဖို့ဆောင်ရွက်နေတဲ့ MADE  စီမံကိန်းဝင် စက်ရုံတွေက ညနက် အချိန်ပို ခေါ်ယူနေတာတွေ ၊ အချိန်ပိုခေါ်ယူမှုကို လာရောက်စစ်ဆေးတဲ့ အဖွဲ့တွေကို  အလုပ်သမား ၅၀၀ လောက် တိမ်းရှောင်ဖို့ စက်ရုံဘက်က ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ပါဝင်ပါတယ်။ 


ILO ရဲ့ သင်းပင်းဖွဲ့စည်းခွင့်အား ချိုးဖောက်နေ


လှိုင်သာယာမြို့နယ်( အနောက်ပိုင်း) အလုပ်သမားဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ထူးက Myanmar Jiale Fashion Co.,Ltd -2 ရဲ့  အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းမှုကို ဆောင်ရွက်မပေးဘူးလို့ Myanmar Labour News ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ 


အလုပ်သမားအဖွဲ့ဖွဲ့စည်းဖို့ ဥပဒေပြဌာန်းချက်အတိုင်း အလုပ်သမားတွေက တင်ပြ လျှောက်ထားခဲ့ပေမဲ့  ၂ လ ကျော်ကြာတဲ့အထိ ဦးစီးမှူး ဦးတင်မောင်ထူးက စိစစ်ပေးတာမရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောကြား ခဲ့တာပါ။ 
“အခြေခံအလုပ်သမား အဖွဲ့အစည်း အဖြစ် မှတ်ပုံတင်ပေးဖို့ တင်ပြထားတဲ့ ပုံစံဖောင်တွေကို စိစစ် မပေးဘူး။ ပုံစံ(၆) ထုတ်လည်း မပေးဘူး။  လျစ်လျူရှူ့ထားတယ်။  ဦးစီးမှူးမေးတော့  မအားသေးဘူးပဲ အထပ်ထပ် ပြောတယ်၊ ဆောင်ရွက်ပေးတာ မရှိဘူး။” လို့ပြောခဲ့တယ်လို့ ဆိုပါတယ်။


ဇွန် ၁၇ ရက်မှာ Myanmar Jiale Fashion Co.,Ltd -2 စက်ရုံက ကြိုပို့ယာဉ် စီစဉ်မပေးခဲ့ဘဲ၊ လုပ်ငန်းရှင်က ပွိုင့်ချတာ၊ ပုံမှန် အချိန်ပိုမဆင်းခိုင်းတာ၊ သဘောဆန္ဒမပါဘဲ အလုပ်ဌာနရွှေ့ပြောင်းခိုင်းတာကို  EC စာချုပ် ဖောက်ဖျက်မှုနဲ့ ဦးတင်မောင်ထူးကို တိုင်ကြားခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ ဒါပေမဲ့ သတင်း ဖော်ပြခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်အထိ တိုင်ကြားမှုတွေကို ဖြေရှင်းမပေးဘဲ အမှုကိစ္စမေးမြန်းတိုင်း ဦးတင်မောင်ထူးက  အော်ဟစ်ပြောဆိုပြီး အကြောင်း အမျိုးမျိုးပြ ရှောင်တိမ်းခဲ့တယ်လို့  ဖော်ပြခဲ့ပါတယ်။ 


သတင်း>>> https://www.myanmarlabournews.com/posts/ဥပဒေအရ-နေရာတကာလုပ်လို့-မရဘူး-ဆိုပြီး-လှိုင်သာယာမြို့နယ်-အလုပ်သမား-ညွှန်ကြားရေး-ဦးစီးမှူး-ပြောဆို

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း ILO ရဲ့ စည်းမျဉ်း ၈၇ အရ အလုပ်သမားတွေ သင်းပင်းဖွဲ့စည်းခွင့်ကို မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစ ၁၉၄၈ ကတည်းက လက်မှတ်ထိုးခဲ့တာပါ။ အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်ဖို့ ILO မှာ လက်မှတ်ထိုးတဲ့ နိုင်ငံက တာဝန်ခံရမှာ ဖြစ်ပြီး တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ အကူအညီပေးရမှာ ဖြစ်ပါတယ်။ 
ဖြစ်စဉ်တူကတော့ Chu Yang (Myanmar) Garment မှာ  ဖြစ်ပွားခဲ့ပါတယ်။  စက်ရုံ အလုပ်သမား သမဂ္ဂ အဖွဲ့ကို ဖွဲ့စည်းဖို့ တလ ကြာအောင် စောင့်ဆိုင်းခဲ့ရပြီး  အ.လ.ည ဒုဦးစီးမှူးက စက်ရုံကို လာရောက်စစ်ဆေးရာမှာတော့  HR ရုံးခန်းမှာပဲ အလုပ်သမားအဖွဲ့အစည်း အဖွဲ့ဝင်တွေကို စစ်ဆေးခဲ့တာ၊ အော်ဟစ်ပြောဆိုတာနဲ့  စက်ရုံ စကားပြန် နှစ်ဦးက ရုပ်သံမှတ်တမ်းယူတာတွေ ပြုလုပ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  


အဲဒီစက်ရုံကပဲ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ  ဖြစ်သူကို အလုပ်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ က စက်ရုံကို ပြန်လည် တရားစွဲခဲ့တာကြောင့်  ရက်ပေါင်း ၂၀ ကျော် ဖြေရှင်းခဲ့ရပါတယ်။ ဒီနောက် Chu Yang (Myanmar) Garment စက်ရုံဘက်က အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌကို ပြန်လည်ခန့်ထားခဲ့ရပါတယ်။ 
သတင်>>>https://www.myanmarlabournews.com/posts/chu-yang-myanmar-စက်ရုံက-သမဂ္ဂခေါင်းဆောင်အလုပ်ထုတ်ခံရမှု-ညှိနှိုင်းပြီးလုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခွင့်ရ


Chu Yang (Myanmar) Garment စက်ရုံကို အလုပ်ထုတ်မှု ၃ မှု၊ ခွဲခြားဆက်ဆံမှု ၁ မှု၊ အလုပ်ခန့်ထားမှုဆိုင်ရာ  သဘောတူစာချုပ် ချိုးဖောက်မှု ၂ မှု ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် မချုပ်တာ ၂ မှု၊ သင်းပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ချိုးဖောက်မှု ၁ မှု၊ လုပ်ခလစာ ဖြတ်တောက်မှု ၃ မှုနဲ့ စုပေါင်းတောင်းဆိုမှု ၁ မှုကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေက တိုင်ကြားထားတယ်လို့လည်း အလုပ်သမား ကူညီရေး အဖွဲ့ဝင်တွေက ပြောကြားထားပါတယ်။

တရားစွဲမှုနှင့် အရေးယူမှုများ


လက်ရှိ အလုပ်သမားကဏ္ဍမှာ အလုပ်ရှင်ကို တရားစွဲဆိုမှုတွေ ဆက်တိုက်ပေါ်ပေါက်နေပါတယ်။ရုံးချိန်းပေါင်း ၃၀ ကျော်ရှိလာပြီဖြစ်တဲ့ Pepsi ကုမ္ပဏီကို တရားစွဲထားတာတွေ အပြင် အထည်ချုပ်စက်ရုံ တွေမှာ အလုပ်ခန့်ထားခြင်း ဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်မှုတွေနဲ့ပါ တရားစွဲမှုတွေ ရှိလာပါတယ်။ 
ဩဂုတ်လအတွင်း အလုပ်ရှင်တွေကို တရားစွဲခဲ့တဲ့ သတင်းကို Myanmar Labour News မှာ  ၅ ကြိမ် ဖော်ပြ ထား ပါတယ်။ ဒီသတင်းတွေထဲမှာ ဆက်သွယ်ရေး အော်ပရေတာ Ooredoo Myanmar ၊ Pepsi ၊ Chu Yang (Myanmar) Garment Co, ltd ၊ Golden Colour Fashion Myanmar စတဲ့ ကုမ္ပဏီ လေးခု ကို အလုပ်သမားတွေက တရားစွဲခဲ့တာ ဖြစ်ပါတယ်။  

သတင်း Link>>> https://www.myanmarlabournews.com/posts/မတရားအလုပ်ထုတ်ခံရသဖြင့်-ooredoo-myanmar-ကို-အလုပ်သမားမှ-တရားစွဲ
သတင်း Link>>>https://www.myanmarlabournews.com/posts/chu-yang-myanmar-စက်ရုံ-လုပ်ငန်းရှင် အား-တရားစွဲဆိုထားမှု စတင်စစ်ဆေး
သတင်း Link>>>https://www.myanmarlabournews.com/posts/pepsi-အချို့ရည်ကုမ္ပဏီ-စက်ရုံ-ceo-နဲ့-hr-ကိုတရားစွဲဆိုထားမှု-ရုံးချိန်း-၃၀-ထိရှိလာ
ဒီကုမ္ပဏီ လေးခုထဲက Golden Colour Fashion Myanmar အထည်ချုပ် စက်ရုံကို တရားရုံက ဥပဒေပြဌာန်းချက် အတိုင်း ဒဏ်ငွေအပြင် အချိန်ပို ခိုင်းစေခွင့်ပါ့ ပိတ်ပင် ခဲ့ပါတယ်။
သတင်း Link>>>https://www.myanmarlabournews.com/posts/အလုပ်သမားသဘောဆန္ဒမပါဘဲ-အချိန်အပို အတင်းအကျပ်ခိုင်းစေလို့-တရားစွဲခံရတဲ့-စက်ရုံပိုင်ရှင်နဲ့-မန်နေဂျာကို-တရားရုံးက-ငွေဒဏ်ချ-အချိန်ပိုဆက်လက်ခေါ်ယူခွင့်မရှိဟုဆို    ကျန်တဲ့ ကုမ္ပဏီ  စက်ရုံ သုံးခုကတော့ တရားရင်ဆိုင် ဆဲလို့ သိထားရပါတယ်။

စစ်ဆေးမှုတွေ 


သတင်းမှာ ဖော်ပြပြီးနောက် သက်ဆိုင်ရာ အလုပ်သမားဦးစီးဌာနက လာရောက်စစ်ဆေးတယ်ဆိုတဲ့ စက်ရုံ အလုပ်ရုံ ပေါင်း ၁၀ ရုံ အထိ ရှိတယ်ဆိုတာကို Myanmar Labour News ရဲ့ ဩဂုတ်လ သတင်းတွေမှာ တွေ့ရှိ ထားပါတယ်။ ဒီလို စစ်ဆေးမှုတွေရှိတဲ့ အကြောင်းကိုလည်း အလုပ်သမားတွေကိုယ်တိုင် ပြောကြားခဲ့တာလို့လည်း ဖော်ပြထားပါတယ်။ 
စစ်ဆေးမှုတွေထဲမှာ မြို့နယ်အလုပ်သမားဦးစီးဌာနက အရာရှိတွေနဲ့ ကုန်အမှတ်တံဆိပ်က စစ်ဆေးရေး အရာရှိတွေ ပါဝင်တာကို တွေ့ရပါတယ်။စစ်ဆေးမှုရှိတယ်ဆိုတဲ့ စက်ရုံတွေကတော့ Sincere season (Myanmar) Co.,Ltd (https://www.myanmarlabournews.com/posts/sincere-season-အထည်ချုပ်စက်ရုံ-တနင်္ဂနွေပိတ်ရက်-အလုပ်ဆင်းခိုင်း)၊ BOHUA FASHION (https://www.myanmarlabournews.com/posts/ bohua-fashion-အထည်ချုပ်-အချိန်ပိုဖိအားပေးခိုင်းစေဟုဆို)၊ HERMITE (https://www.Myanmarlabournews.com/posts/hermite-အရုပ်အမွှေးပွ-စက်ရုံ-အလုပ်ပိတ်ရက်-မပေး၊-တဆက်တည်း-၈-နာရီနီးပါး-နားချိန်မရဘဲ-လုပ်ကိုင်ခိုင်း)၊ De Xin Myanmar Garment (https://www.myanmarlabournews. com/posts/de-xin-myanmar-garment-အထည်ချုပ်-စက်ရုံဌာနဆိုင်ရာ-၀င်စစ်ဆေးပြီး-အလုပ်သမားများ အလုပ်ထုတ်ခံရ)၊ Myanmar Haisheng Garment (https://www.myanmarlabournews .com/posts/ myanmar-haisheng-fashion-clothes-မြန်မာဟိုင်းရှိန်း-အထည်ချုပ်စက်ရုံအချိန်ပို  အလွန်အကျွံ  လုပ်ကိုင် နေရ) ၊ New Plus ( https://www. myanmarlabournews. com/posts/new-plus-စက်ရုံအား-အလုပ်သမားအရာရှိများ-စစ်ဆေးပြီးနောက်-ည-၉-နာရီအထိ-အချိန်ပို-လုပ်ခိုင်း) ၊ LITA MYANMAR ( https://www. myanmarlabournews .com/posts/lita-myanmar-အလုပ်သမားဥပဒေပါအခွင့်အရေးတွေ ချိုးဖောက် နေဟုဆို)၊ Dongxin Gament Co.,Ltd  (https://www.myanmarlabournews.com/ posts/dongxin-gament-အထည်ချုပ်-လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်-အလုပ်သမားအခွင့်အရေး နစ်နာသူများကို-ကူညီပေးမှုကြောင့်-wcc-အဖွဲ့ဝင်တစ်ဦး-အလုပ်မှထုတ်ပယ်ခံရဟုဆို) ၊ U&G (Myanmar) Fashion Co.,Ltd( https://www.myanmarlabournews. com/posts/ug-အထည်ချုပ်စက်ရုံ-စနေနေ့များတွင်-ညနက်အထိ-အချိန်ပို-ခိုင်းစေ)  တို့ ဖြစ်ပါတယ်။ 


စစ်ဆေးသူတွေကို လိမ်လည်ဖြေကြားဖို့ စက်ရုံတွေက တာဝန်ရှိသူတွေက အလုပ်သမားတွေကို သင်ကြားပေးခဲ့ပြီး လိမ်လည်ဖြေကြားခဲ့ရတာ ရှိတယ်လို့ သတင်းမှာဖော်ပြတာကို တွေ့ရပါတယ်။ ဒီလို လိမ်လည် ဖြေကြားရမှုတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် အလုပ်သမားတွေခံစားနေရဲ့ ချိုးဖောက်ခံရမှုတွေက လုပ်ငန်းခွင်အတွင်း ဆက်ရှိနေတယ်လို့လည်း သတင်းမှာ တွေ့ရပါတယ်။


GYSEN Myanmar Apparel စက်ရုံကတော့ တနင်္ဂနွေ့အချိန်ပို ခေါ် ခိုင်း‌တာကို မြို့နယ် အလုပ်သမား အရာရှိတွေ ရုတ်တရက် လာရောက်စစ်ဆေးခဲ့ရာ  စက်ရုံထဲက အလုပ်သမား ၅၀၀ ဝန်းကျင် ပုန်းအောင်းခိုင်းခဲ့တာဖြစ်ပါတယ်။ သတင်း Link>>> https://www.myanmarlabournews.com/posts/အချိန်ပိုခေါ်ချိန်-စစ်ဆေးရေးလာလို့-အလုပ်သမား-၅၀၀-ကျော်ကို-ထွက်ပြေးခိုင်း

ဆန္ဒဖော်ထုတ်မှုတွေ 


Myanmar Labour News က ဖော်ပြထားတဲ့ ဩဂုတ်လသတင်းတွေထဲမှာ အလုပ်ရပ်တောင်းဆိုမှု သတင်း ၆  ကြိမ် ဖော်ပြထားပါတယ်။  ဒီထဲမှာတော့ လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုတာမဟုတ်ဘဲ စက်ရုံအတွင်း အလုပ်သမား တချို့ကို ထုတ်ပယ်ပေးဖို့ စုပေါင်း တောင်းဆိုမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီစက်ရုံကတာ့ Hang Kei Myanmar အထည်ချုပ် စက်ရုံ (https://www.myanmarlabournews. com/posts/ hang-kei-myanmar-အထည်ချုပ်စက်ရုံ-အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ)  ဖြစ်ပါတယ်။ 


အလုပ်သမားတွေက လုပ်ခလစာတိုးမြှင့်ပေးရေးတောင်းဆိုခဲ့ကြတဲ့ စက်ရုံတွေကတော့  EWTOP LOTUS Co,ltd အထည်ချုပ် စက်ရုံ (https://www.myanmarlabournews.com/posts/ewtop-lotus-စက်ရုံအလုပ်သမားတွေ-ထောက်ပံ့ကြေး-၁၀၀၀-ကျပ်ပေးရန်-တောင်းဆို) ၊ Pro Cap (D4 ) ဦးထုတ်စက်ရုံ ( https://www.myanmar labournews .com/ posts/pro-cap-ဦးထုတ်စက်ရုံ-လစဉ်-ရက်-၃၀-လုပ်ခ-လက်ခံရန်-ခြိမ်းခြောက်-လက်မှတ် ထိုးခိုင်း)၊ Chu Yang (Myanmar) Garment Co, ltd(https://www. Myanmar labournews. com/posts/chu-yang-myanmar-စက်ရုံ-လုပ်ငန်းရှင်အား-တရားစွဲဆိုထားမှုစတင်စစ်ဆေး)၊ Myanmar Arr Thit Man Motor Co.,Ltd အထည်ချုပ်စက်ရုံ (https://www.myanmarlabournews .com/posts/မြန်မာအားသစ်မာန်-ကား စက်ရုံ-လုပ်ခလစာတိုးမြှင့်ပေးရေး-တောင်းဆိုမှုပြုလုပ်-စစ်တပ်-ထောက်ခံကြောင်း-အတင်းအကျပ်-လက်မှတ် ထိုးခိုင်း)  ၊ Very Impressive Prospect (VIP) အားကစားပစ္စည်း စက်ရုံ (https://www.myanmar labournews.com/posts/ဝါးတရာ-vip-အာကစားပစ္စည်းစက်ရုံတွင်-လုပ်ခလစာတိုးပေးရေး-တောင်းဆိုမှု-ပြုလုပ်နေ)  တို့ ဖြစ်ပါတယ်။ 


ဩဂုတ်လအတွင်း ချိုးဖောက်မှုများ

 

၂၀၂၄  ဩဂုတ်လ အလုပ်သမားအခွင့်အရေး ချိုးဖောက်သည့် စက်ရုံများ
MYANMAR HUA YUE DOWN BARBARA LEBEK , bala bala မြောင်းတကာစက်မှုဇုန်
Sincere season (Myanmar) Co.,Ltd  PULL&BEAR , Sinsay , Amisu , Vero Moda, Bestsellers မြစိမ်းရောင်စက်မှုဇုန်
EWTOP LOTUS Co,ltd  MAJESTIC LGEON လှိုင်သာယာစက်မှုဇုန် ၂
Chu Yang (Myanmar) Garment Co, ltd  Rainbow, Bodyflirt, bpc Selection ဝါးတရာစက်မှုဇုန်
LITA MYANMAR  BURTLE, CONVERSE, SERVO, Brillage, samansa, mandai  ရွှေပြည်သာစက်မှုဇုန် ၄
Yangon Art Materials Incorporation Limited ဓါတ်ပုံ၊ပန်းချီဘောင် မြစိမ်းရောင်စက်မှုဇုန်
Dongxin Gament Co.,Ltd FieldCore, BURTLE, LUC ,TIGORA, CORDURA လှိုင်သာယာစက်မှုဇုန် ၃
GLAMOUR GARMENT CO,LTD ROSA CLARA လှိုင်သာယာစက်မှုဇုန် ၅
U&G (Myanmar) Fashion Co.,Ltd  BAYFLOW , LIMONT, Niko and.., GLOBAL WORK, ALLIED FEATHER DOWN ၊, STUDIO CLIP ဝါးတရာစက်မှုဇုန်
၁၀ BOHUA FASHION minoti၊ RESERVED၊ CALLIOPE ရွှေလင်ဗန်းစက်မှုဇုန်
၁၁ HERMITE   သာဓုကန်စက်မှုဇုန်
၁၂ BONTECH MANUFACTURING COMPANY LTD DELTAPLUS သာဓုကန်စက်မှုဇုန်
၁၃ Tianjin Fashion Milestone Garment VERO MOODA, LCWAIKIKI CLASSIC , LCW VISION ရွှေလင်ဗန်းစက်မှုဇုန်
၁၄ BOY Garment CO.LTD PREMIER ရွှေလင်ဗန်းစက်မှုဇုန်
၁၅ XR Sports Myanmar Co.,Ltd Sakura ၊ Olympia ရွှေလင်ဗန်းစက်မှုဇုန်
၁၆ S.H.UNITED COMPANY LIMITED COLIN’S လှိုင်သာယာစက်မှုဇုန် ၂
၁၇ Pro Cap (D4 ) OTTO မြစိမ်းရောင် စက်မှုဇုန်
၁၈ SlOEN MYANMAR SYNQ, SlOEN လှိုင်သာယာစက်မှုဇုန် ၂
၁၉ Ooredoo Myanmar Limited Ooredoo  ကမ္ဘာအေးဘုရားလမ်း
၂၀ Myanmar Jiale Fashion Co.,Ltd -2 အထည်ချုပ် ရွှေလင်ဗန်းစက်မှုဇုန်
၂၁ SQI Star Co.,Ltd အထည်ချုပ် ရွှေပြည်သာစက်မှုဇုန်
၂၂ Myanmar Haisheng Garment  TOPVALU, TIGORA, TERRANOVA, MACRON  ရွှေပြည်သာစက်မှုဇုန် ၃
၂၃ De Xin Myanmar Garment Prenatal , SOULCAL & CO , VOYAGER ဝါးတရာစက်မှုဇုန်
၂၄ Very Impressive Prospect (VIP) အားကစားပစ္စည်း ဝါးတရာစက်မှုဇုန်
၂၅ DONGLONG (Pathein) Muji ၊ Golf၊ SEM/R ပုသိမ်မြို့နယ်
၂၆ Heng Mei Co. Ltd ONLY ရွှေလင်ဗန်းစက်မှုဇုန်
၂၇ Hang Kei Myanmar hunkemoller ရွှေလင်ဗန်းစက်မှုဇုန်
၂၈ Myanmar Arr Thit Man Motor Co.,Ltd Changan သာဓုကန်စက်မှုဇုန်
၂၉ GOLDEN PROPITIOUS (Myanmar ) Garment Co, Ltd balabala , Sinsay သာဓုကန်စက်မှုဇုန်
၃၀ New Plus Feel Sky , WOOLLYTEC,LKM , Global Work , HEAR အထည်ချုပ်
၃၁ Myanmar Citizens Bank Citizens Pay ဘဏ်လုပ်ငန်း
၃၂ North Shore Group VAUDE, Schoffel , BERGAN အထည်ချုပ်
၃၃ GYSEN Myanmar Apparel   အထည်ချုပ်
၃၄ Myamar Pou Chen Adidas ဘိနပ်ချုပ်
၃၅ Alpha Ecc service ဒဂုံဆိပ်ကမ်းစက်မှုဇုန်
၃၆ Myanmar San he ဆေးဆိုးပန်းရိုက် လှိုင်သာယာမြို့နယ်
၃၇ Golden Colour Fashion Myanmar Kappa , Defacto ရွှေပြည်သာစက်မှုဇုန် ၃
၃၈ Pepsi အဖျော်ယမကာ မှော်ဘီမြို့နယ်

 

ဩဂုတ်လအတွင်း Myanmar Labour News ရဲ့ Website မှာ  ဖော်ပြထားတဲ့ စက်ရုံအလုပ်ရုံတွေရဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုသတင်း ၄၂ ပုဒ် ဖော်ပြထားပါတယ်။ ဒီသတင်းတွေကတော့ စက်ရုံ ၃၈ ရုံရဲ့ သတင်းတွေ ဖြစ်ပါတယ်။


ဩဂုတ်လအတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်တဲ့  စက်ရုံအလုပ်ရုံ ၃၈ ရုံ ရှိခဲ့တာကလည်း ပြီးခဲ့တဲ့ ဇူလိုင်လ က သတင်းဖော်ပြခံရတဲ့ စက်ရုံအလုပ်ရုံ ၃၀ နဲ့ နှိုင်းယှဉ်ရင် ၄ ပုံ ၁ ပုံ လောက် များလာတာလည်း ဖြစ်ပါတယ်။


Myanmar Labour News  က အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာရာမှာ လက်ရှိ ပြဌာန်း  ထားတဲ့ ဥပဒေကို ချိုးဖောက်တာ၊ ကျား၊ မစံနှုန်းတွေကို အခြေခံပြီး ခွဲခြားဆက်ဆံတာ၊ ILO ရဲ့ ပြဌာန်းချက်တွေကို ချိုးဖောက်တာတွေနဲ့ စစ်ဆေး အရေးယူမှု ရှိ၊မရှိတွေကို အခြေခံပြီး အမျိုးအစားပေါင်း  ၂၇ မျိုး ကို ခွဲခြား စိစစ်ထား ပါတယ်။ 


ဩဂုတ်လအတွင်း website မှာ ဖော်ပြထားတဲ့ သတင်းတွေကို စိစစ်ရာမှာ ချိုးဖောက်မှု အမျိုးအစား ၂၄ မျိုး ရှိအထိ ရှိနေပါတယ်။ စက်ရုံအလုပ်ရုံတွေရဲ့ ချိုးဖောက်မှု အများကအနည်းကို အစဉ်လိုက် ဇယားမှာ ဖော်ပြထားပါတယ်။ 

 

 

ချိုးဖောက်မှု အများဆုံး စက်ရုံ


ဩဂုတ်လသတင်းဖော်ပြချက်အရ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု အများဆုံး စက်ရုံကတော့ MYANMAR HUA YUE အထည်ချုပ်စက်ရုံဖြစ်ပါတယ်။ ချိုးဖောက်မှု အမျိုးအစား ၁၆  မျိုး ချိုးဖောက်ခဲ့တာကိုလည်း တွေ့ရ ပါတယ်။ စက်ရုံကတော့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး DOWN BARBARA LEBEK ၊ bala bala စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်တဲ့ စက်ရုံ ဖြစ်ပါတယ်။


ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန် ကုလားကုန်းကျေးရွာမှာ အလုပ်သမား ၉၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေပြီး  လုပ်ငန်းခွင်ချိုးဖောက်မှုအနေနဲ့ အချိန်ပိုကို ညလုံးပေါက် မဖြစ်မနေဆင်းရပြီး ညစာ မကျွေးတာ ၊ ဖယ်ရီ  စီစဉ်မပေးတာတွေကြောင့် အလုပ်သမားတွေ နစ်နာခဲ့ရတာလို့  သတင်းမှာ ဖော်ပြထား ပါတယ်။  


“အချိန်ပိုအိုတီကို မနားမနေခေါ်ပါတယ်။ အောလင်း ၊ အောနိုက် ( ညလုံးပေါက်) ကို ညတိုင်း၊ အပတ်တိုင်း ဆင်းခိုင်းတယ်။ ပင်ပန်းလို့ တခါတလေ မဆင်းရင်တောင် အငြိုးအတေး ထားခံရတယ်။ ခွဲခြား  ဆက်ဆံတယ်။ မဖြစ်မနေ ဖိအားပေးပြီး ဆင်းခိုင်းတယ်။  အောနိုက် အောလင်း  ဆင်းရတဲ့ အလုပ်သမားတွေကို ထမင်းမကျွေးဘဲ ခိုင်းတာ။ ခေါင်းဆောင်ပိုင်းတွေကို‌တော့ ကျွေးတယ်။ ပြန်ရင် ဖယ်ရီမပေးတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ပြန်ရ တယ်။ အိုတီဆင်းတဲ့ ပိုက်ဆံက လမ်းစရိတ်ဖြစ်သွားတော့။ ဘာမှမထူးဘူး ။ အလုပ်သမားတွေက ခွန်အား ဆုံးရှုံးတာပဲ အဖက်တင်တယ်”လို့ အလုပ်သမားကပြောပါတယ်။


 ဒါ့အပြင် အချိန်ပိုကြေးတွေကို တပတ်အကြာမှ ရှင်းပေးတာ၊ ဒေးကြေးနဲ့ အိုတီကြေးကို တန်းတူမပေးဘဲ ခွဲခြား ပေးတယ်လို့ ပြောပါတယ်။လူရွယ်အလုပ်သမားတွေ၊  နေ့စားအလုပ်သမားတွေကိုလည်း လုပ်သက် ၆ လကြာမှ အတည်ပြုခန့်အပ်တာ ရှိတယ်လို့ ဆိုပါတယ်။


“နေ့စားအလုပ်သမားတွေဆိုရင် အလုပ်လုပ်တဲ့နေ့ပဲ ပိုက်ဆံပေးတာ။ ပိတ်ရက်ခံစားခွင့်ဆုံးရှုံးတယ် ။ လုပ်ငန်းခွင် ထဲမှာ နေ့စားအလုပ်သမားတယောက် ဘားတန်းအမြင့်ပေါ်ကို အဝတ်တက်ချိတ်ရင်း ပြုတ်ကျပြီး ထိခိုက်သွား တာ၊ ဆေးခန်းပြပြီး ၃ ရက်လောက်နားလိုက်ရတာကို၊ ပိုက်ဆံဖြတ်တဲ့အပြင် ၃ ရက်နားလို့ဆိုပြီး အလုပ်က ထုတ်လိုက်တယ်”လို့ အလုပ်သမားတဦးက ပြောဆိုထားပါတယ်။


စက်ရုံမှူး တရုတ်နိုင်ငံသားက အလုပ်သမားတွေကို တိုက်ရိုက်ခိုင်းစေတာ၊ အော်ဟစ် တာ၊ စကားပြန်တွေကို အုပ်ချုပ် ခွင့်ပေးထားတာ၊ လက်ဗွေနှိပ်နောက်ကျတယ်ဆိုပြီး ၅၀၀ ကောက်တာ၊  အလုပ်သမားတွေ  သဘောမတူ  ဘဲ အောစူပါ စူပါတွေကို ကန်တော့ဖို့ဆိုပြီး လစာကို ဖြတ်တောက်တာ၊  လုံခြုံရေးဝန်ထမ်းတွေက ကာယိဒ္ဒြေ ပျက်အောင် ဆောင်ရွက်တာစတဲ့ ချိုးဖောက်မှုတွေ ကြုံတွေ့နေတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ 


သတင်း Link>>> https://www.myanmarlabournews.com/posts/မြန်မာဟာယွဲ့-အထည်ချုပ်-myanmar-hua-yue-အထည်ချုပ်-အချိန်ပိုအလွန်အကျွံဆင်းခိုင်း-လုပ်ငန်းခွင်ဆိုင်ရာ-ချိုးဖောက်မှုတွေ-ကျုးလွန်နေ
Sincere season (Myanmar) Co., Ltd ပိုင် အထည်ချုပ် စက်ရုံကတော့ ချိုးဖောက်မှု အမျိုးအစား ၁၂ မျိုး ရှိတဲ့ စက်ရုံဖြစ်တဲ့ အပြင် တလအတွင်း သတင်းနှစ်ကြိမ် ဖော်ပြခဲ့တဲ့ စက်ရုံဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲက အသက် မပြည့်ဘူးဆိုပြီး လုပ်သား  ၄၀ ကျော်ကို လျော်ကြေးပေး အလုပ်ထုတ်ခဲ့တာပါ။ လုပ်သားတွေက လျော်ကြေးကို တလုံးတခဲတည်း ရခဲ့တာ မဟုတ်သလို အလုပ်ထုတ်ရာမှာလည်း ပွင့်လင်းမြင်သာမှုမရှိဘဲ မြို့နယ် အလုပ်သမား  အရာရှိ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ 
သတင်း Link>>> https://www.myanmarlabournews.com/posts/sincere-season-အထည်ချုပ်စက်ရုံရှိ-ကလေးလုပ်သားများအား-အလုပ်ထုတ်ရာတွင်-အလုပ်သမားအရာရှိပါ၀င်နေ
သတင်း Link>>> https://www.myanmarlabournews.com/posts/sincere-season-အထည်ချုပ်စက်ရုံ-တနင်္ဂနွေပိတ်ရက်-အလုပ်ဆင်းခိုင်း


ချိုးဖောက်မှု အမျိုးအစား ၁၁ ခုအထိ ရှိနေတဲ့ စက်ရုံကတော့ EWTOP LOTUS Co,ltd  စက်ရုံ ဖြစ်ပါ တယ်။ စက်ရုံကို တရုတ်နိုင်ငံသား ပိုင်ဆိုင်ပြီး အလုပ်သမား (၄၀၀)ကျော် လုပ်ကိုင်နေပါတယ်။ အလုပ်သမားတွေက လုပ်ခတိုးမြှင့်တောင်းဆိုခဲ့တဲ့ စက်ရုံဖြစ်လို့ သတင်း  Link ကို အထက်မှာ ဖော်ပြထား ပါတယ်။ 


အလုပ်အခွင့်အရေး အမျိုးအစား ၁၀ မျိုးစီ ချိုးဖောက်ထားတဲ့ စက်ရုံ ၂ ရုံ ပါဝင်တာကိုလည်း ဩဂုတ်လ သတင်း တွေမှာတွေ့ရပါတယ်။ အဲ့ဒီစက်ရုံတွေကတော့ Chu Yang (Myanmar) Garment Co, ltd နဲ့ LITA MYANMAR (https://www. Myanmarlabour news.com/posts/lita-myanmar-အလုပ်သမားဥပဒေပါအခွင့်အရေးတွေ ချိုးဖောက်နေဟုဆို)    တို့ ဖြစ်ပါ တယ်။ Chu Yang (Myanmar) Garment Co, ltd စက်ရုံကတော့ အလုပ်သမားတွေ စုပေါင်းတောင်ဆိုမှု ဖြစ်ပွားတဲ့ စက်ရုံ ဖြစ်ပြီး သတင်း Link ဖော်ပြထားပြီး ဖြစ်ပါတယ်။


အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အများဆုံး အမျိုးအစား (တွေ့ရှိချက်)


ဩဂုတ်လအတွင်း  Myanmar Labour News website မှာ ဖော်ပြထားတဲ့ သတင်းတွေထဲက အလုပ်သမား အခွင့်အရေးချိုးဖောက်မှု အမျိုးအစားတွေကို စိစစ်ခဲ့ရာ အများဆုံး ချိုးဖောက်မှု အနေနဲ့ အချိန်ပိုခေါ်ယူမှုတွေ ဖြစ်တာကို တွေ့ရပါတယ်။


အချိန်ပိုနဲ့ ပတ်သက်တဲ့ ဥပဒေကို ကျော်လွန်ခိုင်းစေတာ၊ အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ လုပ်ကိုင်ရ တာတွေ အများအပြား ဖြစ်ပွားတာကို တွေ့ရပါတယ်။ သတင်းဖော်ပြထားတဲ့ စက်ရုံ ၃၈ ထဲက  အချိန်ပိုနဲ့ ပတ်သက်ပြီး စက်ရုံ၂၁ ရုံက ချိုးဖောက်မှု ရှိနေတာကို တွေ့ရပါတယ်။ စက်ရုံတွေရဲ့ ရာခိုင်နှုန်း တဝက်ကျော်က ချိုးဖောက်နေတာလည်း ဖြစ်ပါတယ်။


ခွင့်နဲ့ အလုပ်ပျက်တာပဲဖြစ်ဖြစ်၊ ခွင့်မပေးလို့ ရက်ပျက်တာပဲဖြစ်ဖြစ် လုပ်ခလစာတွေ အဖြတ်ခံရတာနဲ့ ပိတ်ရက်မှာ အချိန်ပို မဆင်းလို့ဆိုပြီး ရပိုင်ခွင့်ဖြတ်တောက်တာတွေကလည်း စက်ရုံ ၁၉ ရုံမှာ ဖြစ်ပွားနေတာကို တွေ့ရပါတယ်။ 


ဖိအားပေး ခြိမ်းခြောက် ခိုင်းစေနေတဲ့ စက်ရုံ အလုပ်ရုံ ၁၈ ရုံ ပါဝင်နေသလို ၊ ဥပဒေမဲ့ အလုပ်ထုတ်နေတယ်ဆိုတဲ့ စက်ရုံ အလုပ်ရုံ ၁၇ ရုံ ရှိတာကို တွေ့ရပါတယ်။ လုပ်ငန်းခွင်အတွင်း သောက်ရေ၊ သန့်စင်ခန်း၊ ဖယ်ရီ ၊ ဆေးဝါး စတဲ့ ဝန်ဆောင်မှုတွေ မပြည့်စုံဘူး၊ မပေးဘူးဆိုတဲ့ စက်ရုံ ၁၄ ရုံ လည်း ပါဝင်တာကိုတွေ့ရပါတယ်။ 


ခွင့်တောင်းခံပေမဲ့ ခွင့်မပေးဘူးဆိုတဲ့ စက်ရုံ အလုပ်ရုံ ၁၃ ရုံလည်း  တွေ့ရှိရသလို လုပ်ငန်းခွင်အတွင်း အကြီးအကဲ ဖြစ်သူတွေရဲ့ ဆဲဆိုခိုင်းစေမှုတွေ ရှိတယ်ဆိုတဲ့ စက်ရုံ ၁၁ ရုံ ရှိတာလည်း တွေ့ရပါတယ်။


မေ့ထားလို့မရနိုင်တဲ့ အဖြစ်အပျက်တွေ


ဖြစ်ပွားမှု အကြိမ်ရေနည်းပေမဲ့ အရေးကြီးတဲ့ အဖြစ်အပျက်တွေဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒါတွေကတော့ သမဂ္ဂဖြိုခွဲတဲ့ စက်ရုံ  ၅ ရုံ ၊ လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှု ဖြစ်ပွားနေတဲ့ စက်ရုံ ၅ ရုံ ရှိနေတာပါ။ ဒါ့အပြင် ရာထူးရှိသူ တွေက ရည်ရွယ်ချက် ရှိရှိ ခွဲခြားဆက်ဆံတယ်ဆိုတဲ့ စက်ရုံ ၈ ရုံ ကိုလည်းတွေ့ ရပါတယ်။ အလုပ်ချိန်  တဆက် တည်း ၅ နာရီကျော် လုပ်ကိုင်ခိုင်းတဲ့ စက်ရုံကလည်း ၈ ရုံအထိ ရှိနေပါသေးတယ်။ 


ဒီနောက်မှာ နေ့စားအလုပ်သမားတွေ ချိုးဖောက်ခံနေရတဲ့ စက်ရုံ ၇  ရုံ၊  လူရွယ်နဲ့ အရွယ်မရောက်သေးတဲ  အလုပ်သမားတွေကို တန်းတူခိုင်းစေနေတယ်ဆိုတဲ့ စက်ရုံ ၅ ရုံ လည်း ရှိနေပါတယ်။ 
ဒါ့အပြင် လာရောက်စစ်ဆေးမှုတွေကို လိမ်လည်ဖြေကြားဖို့ သင်ကြားတာ၊ လိမ်လည်ဖြေကြားခိုင်းတာနဲ့ ပုန်းအောင်းခိုင်းတဲ့ စက်ရုံ ၇ ရုံ ကိုလည်း တွေ့ရပါတယ်။ အလုပ်သမားရဲ့ သဘောတူချက်မရှိဘဲ အလုပ်အမျိုးအစား ပြောင်းလုပ်ခိုင်းတဲ့ စက်ရုံလည်း ၇ ရုံရှိနေပါတယ်။ 
အလုပ်ခန့်ထားခြင်းဆိုင်ရာသဘောတူ စာချုပ် မချုပ်တာနဲ့ ဖောက်ဖျက်မှု ရှိတဲ့ စက်ရုံ ၅ နဲ့  နားချိန်အပြည့်အဝ မရဘူးဆိုတဲ့ စက်ရုံကလည်း ၂ ရုံ ရှိနေတာကို တွေ့ရှိထားပါတယ်။ 

သုံးသပ်ချက်


ILO ရဲ့ ပြဌာန်းချက်တွေကို လက်မှတ်ထိုးထားပြီး နိုင်ငံဝန်ထမ်းတွေကိုယ်တိုင် မလိုက်နာမှုတွေက နိုင်ငံတကာရဲ့ အရေးယူမှုတွေနဲ့ ကြုံတွေ့နိုင်တယ်ဆိုတာ အလုပ်သမားကူညီရေးအဖွဲ့စည်းတွေက ထောက်ပြ  ပြောဆိုထား ပါတယ်။  
မြေပြင်မှာလက်တွေ့ တိုင်ကြားမှုကို အလေးမထားမှုတွေကလည်း လက်ရှိ ဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ တိုင်ကြားရေး ယန္တရားကို အလုပ်သမားတွေက ယုံကြည့်မှုကင်းမဲ့ စေပါတယ်။ 


အနီးဆုံး ဥပမာပေးရရင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ အလုပ်သမားဝန်ကြီးဌာန website မှာ ဖော်ပြထားတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု တွေကို တိုင်ကြားမှုတွေထဲက စက်ရုံအလုပ်ရုံ ၁ ရာခိုင်နှုန်းကိုသာ အရေးယူခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် အလုပ်သမား တွေရဲ့ ယုံကြည်မှုရဖို့ မြေပြင်ဆောင်ရွက်ချက်တွေက လက်တွေ့ဆန်ဖို့လိုတယ်လို့  သုံးသပ်ပါတယ်။
ဩဂုတ်လအတွင်း အလုပ်ထုတ်ဖို့ အလုပ်သမားအရာရှိ ကိုယ်တိုင် ပါဝင်ခဲ့ပြီး အလုပ်သမား အဖွဲ့အစည်းတွေ ဖြစ်ပေါ်ဖို့ ပိတ်ပင်တဲ့ လုပ်ဆောင်ချက်တွေက လာဘ်ပေးလာဘ်ယူမှု မကင်းသလို အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တွန်းအား ဖြစ်စေပါတယ်။ 


တရားစွဲ အရေးယူမှုတွေ ရှိခဲ့တယ်ဆိုပေမဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရလို့ တိုင်းကြားချက် အရေအတွက်နဲ့ နှိုင်းယှဉ်ပါကလည်း များစွာနည်းပါးတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ တရားစွဲမှုတွေကို ဥပဒေအရ အလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက်ရမှာ ဖြစ်ပေမဲ့ အလုပ်သမားတွေကိုယ်တိုင် ဆောင်ရွက် နေရတာကိုလည်း ကူညီရေးအဖွဲ့တွေက ဝေဖန်တာတွေ ရှိနေပါတယ်။ 


Myanmar Labour News မှာ သတင်းဖော်ပြပြီးနောက် ဖော်ပြထားတဲ့ စက်ရုံအလုပ်ရုံ အတော်တော်များများကို မြို့နယ် အလုပ်သမားအရာရှိတွေ ဝင်ရောက်စစ်ဆေးကြပါတယ်။ ဒါပေမဲ့ စစ်ဆေးမှုတွေတိုင်း မြေပြင်  အချက် အလက်တွေနဲ့ ကွာခြားတယ်ဆိုပြီး အရေးယူမှုတွေ လုပ်ဆောင်တာ မရှိခဲ့ပါဘူး ။ ဩဂုတ်လအတွင်းမှာ ဝင်ရောက် စစ်ဆေးမှု ရှိခဲ့တယ်ဆိုတဲ့ စက်ရုံအလုပ်ရုံတွေမှာလည်း အရေးယူဆောင်ရွက်တာမရှိခဲ့လို့  အလုပ်သမားတွေမှာ နစ်နာတာထက် ပိုမို နစ်နာနေခဲ့ရတာပါ။
လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုမှုတွေကလည်း ဩဂုတ်လအတွင်း အများအပြားရှိခဲ့တာက ထူးခြားချက် တခုပါ။

ထောက်ပံ့ကြေးကျပ် တထောင်ကို တိုးပေးမြှင့်ပေးဖို့ ညွှန်ကြားမှုကို တချို့စက်ရုံအလုပ်ရုံတွေက သိရှိကြပေမဲ့ တချို့ စက်ရုံတွေကတော့ ပွင့်လင်းမြင်သာမှုမရှိဘဲ အလုပ်သမားတွေကို အကြောင်းအမျိုးမျိုးပြပြီး အသိပေးတာ မရှိပါဘူး။ 


စက်ရုံ ပိုင်ရှင်တွေနဲ့ အလုပ်သမားကြား ချိတ်ဆက်ပေးနေတဲ့ HR ဌာနတွေရဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ လုပ်ဆောင် ချက်တွေကြောင့် အလုပ်ရပ်တောင်းဆိုမှုတွေ အတော်များများ ဖြစ်ပွားခဲ့တာပါ။


ဒါ့အပြင် တိုးမြှင့်ထားတဲ့ ကျပ်တထောင်အပါအဝင် တရက်လုပ်ခ စုစုပေါင်း ကျပ် ၆၈၀၀ ထက် ပိုရနေတဲ့ စက်ရုံအလုပ်ရုံတွေလည်း ရှိနေတာပါ။ ဒီလို စက်ရုံတွေမှာလည်း ညွှန်ကြားချက်အတိုင်း လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုမှုတွေ ဖြစ်ပေါ် ခဲ့တာ ကို တွေ့ရပါတယ်။ 


အလုပ်သမားတွေရဲ့တောင်းဆိုမှုတွေက အရင် လှုပ်ရှားမှုပုံစံတွေကနေ ခွဲထွက်လာပါတယ်။  အလုပ်ရပ် တောင်းဆိုမှုက ငြိမ်သက်ပြီး ရည်ရွယ်ချက်အတိုင်း ပြည့်မြောက်နိုင်တဲ့ နည်းလမ်းကို အလုပ်သမားတွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ 
ဥပဒေမဲ့ အချိန်ပိုခေါ်ယူမှုတွေ အဖြစ်များလာတာနည်းတူ ဆက်စပ် ဖြစ်ပွားနေတဲ့ ငွေကြေးဖြတ်တောက်တာ၊ ခွင့်မရတာ၊ ခွဲခြားဆက်ဆံတာတွေလည်း ပြီးခဲတဲ့လတွေကထက် ပိုမို များပြားလာတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် အထည်ချုပ် စက်ရုံတွေ လုပ်ငန်းခွင်အတွင်း တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့ ဥရောပသမဂ္ဂက ဆောင်ရွက်  နေတဲ့ MADE စီမံကိန်းဝင်စက်ရုံ  က အချိန်ပို ညနက် ခေါ်ယူခိုင်းစေမှု ပေါ်ပေါက်တာကလည်း မြန်မာနိုင်ငံအတွင်း အထည်ချုပ်လုပ်သားတွေ  အခွင့်အရေး ချိုးဖောက်ခံရမှု “ဘူး” ပေါ်သလို ပေါ်လာတာ ဖြစ်ပါတယ်။ 


လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှုတွေ များပြားလာသလို ၊ ကိုယ်ဝန်ဆောင်တွေကို အခြားအလုပ်သမားနဲ့ တန်းတူခိုင်းစေတာတွေလည်း ဆက်လက် ဖြစ်ပေါ်နေတာကိုလည်းတွေ့ရပါတယ်။ 


ဩဂုတ်လအတွင်း သတင်းဖော်ပြချက်တွေအရ လက်ရှိ အထည်ချုပ်ကဏ္ဍမှာ အဓိက ပါဝင်နေတဲ့ အလုပ်သမား တွေမှာ အခွင့်အရေးချိုဖောက်ခံနေရဆဲ ဖြစ်သလို မြန်မာနိုင်ငံအတွင်းက စက်ရုံအလုပ်ရုံ၊ လုပ်ငန်းတွေမှာလည်း အလုပ်သမားတွေ ချိုးဖောက်မှုတွေ ရှိနေတယ်လို့ သုံးသပ်နိုင်ပါတယ်။


ဩဂုတ်လအတွက် စိစစ်ချက်တွေက  အလုပ်ရှင်တွေ၊ အလုပ်သမားဦးစီးဌာန တာဝန်ရှိသူတွေ ဆင်ခြင်သုံးသပ် နိုင်မယ်လို့ မျှော်လင့်ပြီး အလုပ်သမားတွေ၊ ကူညီရေးအဖွဲ့တွေ၊ အဖွဲ့ဝင်တွေအတွက် အထောက်အပံ့ ဖြစ်စေမယ်လို့ ယူဆကြောင်း တင်ပြလိုပါတယ်။ 

DownloadPDF

မင်းနီကျော်

Myanmar Labour Society
Research Team