SURVEY

ခွင့်ရက်အား ဒေးကြေး ဖြတ်တောက်မှု သို့မဟုတ် စက်တင်ဘာ ချိုးဖောက်မှုများ

CoverLogo
177 Views

Myanmar Labour News Website မှာ စက်တင်ဘာလအတွင်း သတင်း ၁၁၉  ပုဒ် ဖော်ပြထားပါတယ်။ အဲ့ဒီ သတင်းတွေထဲက စက်ရုံလုပ်ငန်း ၂၆ ခုမှာ အလုပ်သမားတွေအပေါ် ချိုးဖောက်မှုတွေ ပါဝင်ပါတယ်။

သတင်းတွေမှာ ဖော်ပြထားတဲ့ စက်ရုံလုပ်ငန်းတွေထဲမှာ  လုံခြုံရေးကုမ္ပဏီတခု ပါဝင်ပြီး ကျန်လုပ်ငန်းတွေက လုပ်သား အများအပြားအသုံးပြုရတဲ့ ချုပ်လုပ်ရေးလုပ်ငန်းတွေ  ဖြစ်ပါတယ်။

Myanmar Labour News က အလေးပေး ဖော်ပြထားတဲ့  အလုပ်သမား ရေးရာ သတင်းတွေကို အလုပ်သမား ဥပဒေကို ချိုးဖောက်မှုတွေ၊ လုပ်ငန်းခွင် အတွင်း ကျား၊ မ မညီမျှမှုတွေကို လစဉ် အဓိကထား လေ့လာ စိစစ် သုံးသပ်ပါတယ်။ သတင်းတွေကတော့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေ၊ အလုပ်သမားသမဂ္ဂနဲ့ အဖွဲ့ချုပ်တွေ၊ အလုပ်သမားတွေကိုယ်တိုင် လာရောက် ပြောကြားတာတွေကို ဖော်ပြထားပါတယ်။

စက်တင်ဘာလအတွင်း အလုပ်သမားတွေအပေါ် ဥပဒေအရ ချိုးဖောက်မှုရှိတဲ့ ချုပ်လုပ်ရေးလုပ်ငန်းတွေမှာ အထည်ချုပ်စက်ရုံတွေနဲ့ အိပ်ချုပ်စက်ရုံတွေ ပါဝင်ပါတယ်။ စက်ရုံအလုပ်ရုံတွေရဲ့ ချိုးဖောက်မှု အများစုက လုပ်ခလစာနဲ့ ရပိုင်ခွင့် ဖြတ်တောက်ခံရတာတွေ ဖြစ်တာကို တွေ့ရပါတယ်။

သတင်းဖော်ပြထားတဲ့ စက်ရုံ အလုပ်ရုံ ၂၆ ရုံထဲမှာ အလုပ်ပျက်လို့ဆိုပြီး လုပ်ခလစာနဲ့ ရပိုင်ခွင့် တွေ ဖြတ်တောက် တယ်ဆိုတဲ့ စက်ရုံပေါင်းက ၁၇ ရုံအထိရှိနေတာကိုတွေ့ရပါတယ်။

ဒီစက်ရုံတွေမှာ  Lian Fa ( myanmar) Company အထည်ချုပ် စက်ရုံလည်း ပါဝင်ပါတယ်။ စက်ရုံကတော့ ရန်ကုန်မြို့ ၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊  မင်းဧရာလမ်း ၊ ရွှေသံလွင်စက်မှုဇုန် မှာ ရှိပြီး လုပ်သား  ၃၀၀ ဝန်းကျင်လုပ်ကိုင်နေပါတယ်။

စနေနေ့မှာ အလုပ်သမားတဦး ခွင့်ယူမယ်ဆိုရင် စက်ရုံဘက်က တနင်္ဂနွေနေ့အတွက်ပါ လုပ်ခလစာ နှစ်ရက်  အတွက် ဖြတ်တောက်တယ်လို့လည်း အလုပ်သမားတွေက ပြောဆိုထားတာပါ။ ဒီလို ဖြတ်တောက်တာကို အလုပ်သမား အရေး လှုပ်ရှားသူက အခုလို ပြောပါတယ်။

“ တပတ် အလုပ်ချိန် ၄၄ နာရီပြည့်ရင် တနင်္ဂနွေနေ့အတွက် လုပ်ခလစာ ပေးရမယ်ဆိုတာ ဥပဒေမှာ အဲလိုတော့ ပြောထားတယ်။ နောက် စနေနေ့မှာ  ခွင့်တိုင်ပြီး ပျက်တာလား၊ ခွင့်မဲ့ ပျက်တာလား၊ လစာမဲ့နဲ့ ပျက်တာလား ဆိုတာတွေ ပြန်ကြည့်ဖို့တော့လိုတယ်။ ဒါပေမဲ့ ခွင့်လည်းတိုင်ရဲ့ သားနဲ့ တနင်္ဂနွေရက်အတွက် လုပ်ခကို ဖြတ်တယ်  ဆိုရင်တော့ ဥပဒေကို ချိုးဖောက်တာပါ” လို့ ပြောဆို ထားပါတယ်။ 

ရက်သတ္တပတ်အတွက် သတ်မှတ် အလုပ်ချိန်ပြည့်ပါက ပိတ်ရက် ရရှိရမှာ ဖြစ်ပြီး အဲဒီရက်အတွက်လည်း လုပ်ခလစာပေးရမယ်လို့ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေမှာ ပြဌာန်းထားပါတယ်။

သတင်းအပြည့်အစုံ >>> https://www.myanmarlabournews.com/posts/lian-fa-myanmar-အထည်ချုပ်စက်ရုံ-ဝန်ကြီးဌာနသတ်မှတ်သည့်-ထောက်ပံ့ကြေး-မပေး

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မြတောင်ဝန်ကြီးဦးမှိုလမ်းက MENGYUE GARMENT အထည်ချုပ် စက်ရုံမှာလည်း  ခွင့်ရက်မရဘဲ ရက်ပျက်တဲ့အတွက် ဒေးကြေးနဲ့ ရပိုင်ခွင့် အခကြေးငွေတွေကို ဖြတ်တောက် နေတယ်လို့ သိရပါတယ်။ စက်ရုံက တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး  အလုပ်သမား ၂၀၀ ကျော်နဲ့ PALLTEX အမှတ် တံဆိပ် စားဖိုမှူးဝတ်စုံတွေချုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

ခွင့်မရတဲ့ အပြင် အလုပ်ထွက်ပါက တခြား ရပိုင်ခွင့်တွေကို ဖြတ်တောက်တယ်လို့ အလုပ်သမားတဦး ပြောတာကို သတင်းမှာ ဖော်ပြထားပါတယ်။

" အလုပ်ခေါ်တုန်းက အင်တာဗျူးမှာ ဒေးကြေး ၆၈၀၀၊ ထောက်ပံ့ကြေး ၂၀၀၀ စုစုပေါင်း ၈၈၀၀ ကျပ်ပေးမယ်။ အိုတီကို ၁၄၀၀ ပေးမယ်လို့ ပြောထားပြီး ၊အလုပ်အဆင်မပြေလို့ ထွက်လိုက်ရင် ဒေးကြေး နဲ့ အိုတီကြေးပဲပေးပြီး ထောက်ပံ့ကြေး ၂၀၀၀ ကိုမရှင်းပေးဘဲ ဖြတ်တောက်လိုက်တယ်။ အလုပ်သမားတွေက တောင်းရင် ကြိုက်တဲ့  နေရာ သွားတိုင်ဆိုပြီး ပြောတယ်"လို့ အလုပ်သမားကပြောပါတယ်။ 

ဒါ့အပြင် ဂိတ်ပတ်စ် နဲ့ ပြန်ပါကလည်း ရက်မှန်ကြေးတွေ အကုန်ဖြတ်တောက်ခံရတယ်လို့ သတင်းမှာ ဖော်ပြထား ပါတယ်။  လုပ်ခလစာနဲ့ ရပိုင်ခွင့်ငွေကြေးတွေ ဖြတ်တောက်ခံရတာတွေက အလုပ်ပျက်လို့ ဆိုပြီး သတင်းတွေက ဖော်ပြထား ပါတယ်။

စက်တင်ဘာလအတွင်အတွင်း ဥပဒေက သတ်မှတ်ပေးထားတဲ့ ခွင့်ရက်တွေ ခွင့်အမျိုးအစားတွေ မပေးတဲ့ စက်ရုံ  ပေါင်း ၁၄ ရုံပါဝင်ပါတယ်။ ဒါက ချိုးဖောက်မှုတွေကြောင့် သတင်းဖော်ပြခံရတဲ့ စက်ရုံ စုစုပေါင်းရဲ့ တဝက်လောက် ရှိနေတာပါ။

သတင်းအပြည့်အစုံ>>> https://www.myanmarlabournews.com/posts/mengyue-garment-စက်ရုံ-ec-စာချုပ်မချုပ်ဘဲ-ခိုင်းစေ-အလုပ်ထွက်ပါက-ငွေကြေးဖြတ်တောက်ဟုဆို

 

တွေ့ရှိချက်များ

Myanmar Labour News ရဲ့ သတင်းဝက်ဆိုဒ်မှာ စက်တင်ဘာလအတွင်း ဖော်ပြထားတဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှု အများဆုံးအမျိုးအစားက အချိန်ပိုခေါ်ယူမှုတွေဖြစ်ပါတယ်။

စက်ရုံပေါင်း ၁၈ ရုံမှာ အချိန်ပိုဥပဒေကို ချိုးဖောက်နေတယ်လို့ သက်ဆိုင်ရာ စက်ရုံ အလုပ်သမားတွေက ပြောကြားထား ပါတယ်။

နောက်ထပ်ချိုးဖောက်မှုတွေကတော့ လုပ်ခလစာ တရားမဝင်ဖြတ်တောက်တာနဲ့ လုပ်ငန်းခွင်အတွင်း ဆဲဆို ခိုင်းစေနေတယ်ဆိုတဲ့ သတင်း ၁၈ ကြိမ်ဆီ ဖော်ပြထားပြီး လုပ်ခလစာဖြတ်တောက်တဲ့ စက်ရုံ ကတော့ ၁၇ ရုံ ပါဝင်ပါတယ်။ လုပ်ငန်းခွင်အတွင်း ဆဲဆို ခိုင်းစေတယ်ဆိုတဲ့ စက်ရုံ ၁၆ ရုံ ရှိနေတယ်ဆိုတာတွေ့ရပြီး သတင်း ၁၈ ကြိမ် ဖော်ပြထားပါတယ်။

သတင်းတွေထဲမှာ အများဆုံးဖော်ပြထားတဲ့ သတင်းအမျိုးအစား တခုကတော့ အထည်စံချိန်တောင်းတာ ဖြစ်  ပါတယ်။ အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထက်ပိုပြီး အထည်အရေအတွက် စံချိန်တောင်းခံတဲ့ စက်ရုံသတင်း  ၁၅ ပုဒ်ရှိပြီး အဲဒီထဲမှာ စက်ရုံပေါင်း ၁၃ ရုံပါဝင်ပါတယ်။

သတင်းအရေအတွက်တူညီတဲ့ ချိုးဖောက်မှု အမျိုးအစားကတော့ လုပ်ငန်းခွင် ခွဲခြားဆက်ဆံမှုတွေ ဖြစ်ပါတယ်။ သတင်းဖော်ပြမှု ၁၅ ကြိမ်ရှိပြီး စက်ရုံ ၁၄ ရုံရဲ့ လုပ်ငန်းခွင်အတွင်း အမျိုးသမီး  အချင်းချင်း ရာထူးအနိမ့်အမြင့် ကြားမှာ  ခွဲခြားဆက်ဆံမှုတွေ ရှိနေတာကို တွေ့ရပါတယ်။

အဲဒီနောက်မှာတော့ EC စာချုပ် မချုပ်တာနဲ့ EC စာချုပ် ဖောက်ဖျက်တဲ့ စက်ရုံ ၆ ရုံ ၊ အလုပ်ချိန် တဆက်တည်း ၆ နာရီကျော် ခိုင်းစေတဲ့ စက်ရုံ ၅ ရုံ ၊ ကိုယ်ဝန်ဆောင် အလုပ်သမားတွေအပေါ် ချိုးဖောက်တဲ့ စက်ရုံ ၃ ရုံ၊ ကလေးလုပ်သား ဥပဒေကို ချိုးဖောက်နေတဲ့ စက်ရုံ ၃ ရုံ အလုပ်သမားရဲ့ သဘောတူညီမှုမရှိဘဲ့ အလုပ်နေရာပြောင်းရွှေ့တယ်ဆိုတဲ့ စက်ရုံ ၃ရုံ၊ နိုင်ငံခြားသား တိုက်ရိုက်ခိုင်စေနေတဲ့ အလုပ်ရုံ ၂ ရုံ ၊ လိင်ပိုင်းဆိုင်ရာ ထိပါးမှုရှိတဲ့ စက်ရုံ  ၂ ရုံ ၊ သမဂ္ဂ ဖွဲ့စည်းရေး ခက်ခဲအောင်ပြုလုပ်တာနဲ့ ခွဲခြားဆက်ဆံတဲ့ စက်ရုံက ၂ ရုံ၊ အလုပ်သမားရဲ့ သဘောတူညီမှုမရှိဘဲ ရာထူးမြင့်သူက ငွေကြေးဖြတ်တောက်တဲ့ စက်ရုံက ၁ ရုံ၊ လုပ်ငန်းခွင်ထိခိုက်မှု ရှိတယ်ဆိုတဲ့ စက်ရုံက ၁ ရုံနဲ့ နားချိန်အပြည့်မရဘူးဆိုတဲ့ စက်ရုံက ၁ ရုံ ရှိတာကို တွေ့ရပါတယ်။

Myanmar Labour News က သတင်းတွေကို စိစစ်ရာမှာ ချိုးဖောက်မှု အမျိုးအစား ၂၆ မျိုးခွဲခြား ခဲ့ပြီးအဲဒီထဲက စက်တင်ဘာလအတွင်းမှာတော့  အမျိုးအစား ၂၀ ကို စိစစ်တွေ့ရှိခဲ့ပါတယ်။

အလုပ်သမားတွေအပေါ်ချိုးဖောက်မှု ရှိတယ်ဆိုတဲ့ စက်ရုံတွေထဲမှာ ချိုးဖောက်မှုအမျိုးအစားအများဆုံး စက်ရုံ ကတော့ Tai Hong Garment ဖြစ်တာကိုတွေ့ရပါတယ်။ စက်ရုံဘက်က အမျိုးအစား ၁၂ မျိုးကို ချိုးဖေါက် ထား တာကို တွေ့ရပါတယ်။

သတင်းအပြည့်အစုံ>>> https://www.myanmarlabournews.com/posts/tai-hong-garment-စက်ရုံမှာ-အခွင့်အရေးချိုးဖောက်မှုတွေကြောင့်-အလုပ်သမားတွေ-နစ်နာနေရ

https://www.myanmarlabournews.com/posts/tai-hong-အထည်ချုပ်စက်ရုံအလုပ်သမားများနဲ့လုပ်ငန်းရှင်-အငြင်းပွားမှု-ညှိနှိုင်းရာ-ပြေလည်မှုရဟုဆို

Tai Hong Garment တာဝန်ရှိသူတွေကတော့ ညှိနှိုင်းဖြေရှင်းခဲ့ပြီး  အလုပ်သမားတွေနဲ့ အားလုံး  ပြေလည်မှု ရရှိခဲ့ပါတယ်။

နောက်စက်ရုံကတော့ Myanmar Sinyoung Fashion Clothes Co.,Ltd အထည်ချုပ်စက်ရုံ ဖြစ်ပါတယ်။ စက်ရုံဘက်က ချိုးဖောက်မှု ၁၀ မျိုးရှိတာကို တွေ့ရပါတယ်။

သတင်းအပြည့်အစုံ>>> https://www.myanmarlabournews.com/posts/myanmar-sinyoung-clothes-fashion-မှာ-အချိန်ပိုအလွန်အကျွံခေါ်ယူနေဟုဆို

https://www.myanmarlabournews.com/posts/myanmar-sinyoung-fashion-မှာ-အချိန်ပိုအလွန်အကျွံ ခေါ်ယူမှုကို-ဝန်ကြီးဌာနက-ဟန်ပြစစ်ဆေးမှုသာ-လုပ်ဆောင်သည့်အတွက်-အလုပ်ရှင်က-ဥပဒေချိုးဖောက်မှုများ-ပိုမိုလုပ်ဆောင်လာ

ဖော်ပြထားတဲ့ စက်ရုံနှစ်ရုံဟာ စက်တင်ဘာလအတွင်း သတင်းနှစ်ကြိမ်စီ ဖော်ပြခံထားရတဲ့ စက်ရုံတွေလည်း ဖြစ်ပါတယ်။

Ten Da Garment အထည်ချုပ် စက်ရုံ https://www.myanmarlabournews. com/posts/ အလုပ်သမားဥပဒေပါ - အခွင့်အရေးတွေချိုးဖောက်နေလို့-ဖြေရှင်းပေးဖို့-အလုပ်သမားတွေတောင်းဆို နဲ့ Wonderful Apparel စက်ရုံ https://www.myanmarlabournews.com/posts/wonderful-apparel-စက်ရုံအလုပ်သမားများပေးစာ တွေကတော့ ချိုးဖောက်မှု အမျိုးအစား ၉ မျိုးစီရှိခဲ့တာကိုလည်း တွေ့ရပါတယ်။

Prettex Myanmar  https://www.myanmarlabournews.com/posts/prettex-myanmar-စက်ရုံ-ec-စာချုပ်-ချိုးဖောက်-အလုပ်သမားများမှ-အခက်အခဲတင်ပြပေမဲ့-အလုပ်ထွက်ဟု-ပြောဆို ၊ He MeT Company Limited https://www.myanmarlabournews.com/posts/အလုပ်သမား-၁၀၀၀-ကျော်ကို-ည-၁၂-နာရီအထိ-အချိန်ပို-၂-လ-ဆင်းခိုင်းပြီး-အချိန်ပိုကြေးမရှင်းပေး-ကိုယ်ဝန်ဆောင်တွေကို-မီးဖွားခွင့်မပေးဘဲအလုပ်ထုတ် နဲ့ Beaume International Garment Mfg Limited  https://www.myanmarlabournews.com/posts/--1 အထည်ချုပ် စက်ရုံတွေကတော့ ချိုးဖောက်မှုအမျိုးအစား ၈ မျိုးစီ ရှိတာကို တွေ့ရှိရပါတယ်။

Best Choice Garment Co.,Ltd https://www.myanmarlabournews.com/posts/တစ်လလုံးပိတ်ရက်မရှိ-အလုပ်ဆင်းခိုင်း-ဆဲဆိုခိုင်းစေ ၊ Bohua Fashion https://www.myanmarlabournews.com/posts/bohua-fashion-အထည်ချုပ်-အလုပ်သမား-၄၀၀-ကျော်-အလုပ်သမားအခွင့်အရေးများချိုးဖောက်ခံနေရ နဲ့ Myanmar SHIN WON GARMENT https://www.myanmarlabournews.com/posts/myanmar-shin-won-garment-အလုပ်သမားတွေ-အချိန်ပိုအလွန်အကျွံခိုင်းစေခံနေရ စတဲ့ အထည်ချုပ်စက်ရုံတွေကတော့ ချိုးဖောက်မှု အမျိုးအစား ၇ မျိုးစီ ရှိတာကိုတွေ့ရပါတယ်။

BEST GARMENT (LAOS) https://www.myanmarlabournews.com/posts/အထည်စံချိန်မပြည့်လျှင်-ပါးရိုက်မယ်-လစာမပေးဟု-ခြိမ်းခြောက်ခိုင်းစေ  ETERNAL FASHION CO.LTD https://www.myanmar labournews.com/ posts/ကျန်းမာရေးထိခိုက်တဲ့-အထိ-အချိန်ပို-ခေါ်ယူမှုကြောင့်-မတော်တဆသေဆုံးမှု တွေပါဖြစ်နေ ၊ Golden Colour Fashion Myanmar https://www. Myanmar labournews.com / posts/ဝမ်တိမ်-လက်မှတ်ထိုးရန်ငြင်းဆိုတဲ့-အလုပ်သမားကို-golden-colour-fashion-myanmar-စက်ရုံမှ အလုပ်ထုတ် နဲ့ KSENG (Myanmar) Apparel https://www.myanmarlabour news. com/posts/ksheng-myanmar-apparel-အထည်ချုပ်အလုပ်သမားများပေးစာ စတဲ့ အထည်ချုပ်စက်ရုံ တွေကတော့ ချိုးဖောက်မှု အမျိုးအစား ၆ မျိုးစီ ရှိနေပါတယ်။ ဒီစက်ရုံ ၄ ရုံထဲက BEST GARMENT (LAOS) ကတော့ လာအိုနိုင်ငံကဖြစ်ပြီး မြန်မာနိုင်ငံသားအလုပ်သမားတွေလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။

LZS Apparel https://www.myanmarlabournews.com/posts/lzs-apparel-စက်ရုံတွင်-အလုပ်သမားများကို-အဓမ္မခိုင်းစေမှုများ-လုပ်ဆောင်နေ ၊ MYANMAR BAG https://www.myanmarlabournews.com/posts/ ထောက်ပံ့ကြေး-ကျပ်-၁၀၀၀-တိုးပေးရန်-myanmar-bag-စက်ရုံငြင်းဆိုနဲ့ Myanmar Xiang Rui Fashion https://www.myanmarlabournews.com/posts/တနင်္ဂနွေပိတ်ရက်-အချိန်ပို-မဆင်းပါက-ပါးရိုက်မယ်လို့ ခြိမ်းခြောက်ဖိအားပေးဟုဆို စတဲ့ ချုပ်လုပ်ရေးစက်ရုံတွေကတော့ အမျိုးအစား ၅ မျိုးစီ ချိုးဖောက်ထားပါတယ်။ ဒီစက်ရုံထဲက MYANMAR BAG စက်ရုံကတော့ အိပ်ချုပ်စက်ရုံဖြစ်ပြီး တရုတ်နိုင်ငံသား စက်ရုံဖြစ်ပါတယ်။

ချိုးဖောက်မှု အမျိုးအစား ၄  မျိုးစီရှိနေတဲ့ စက်ရုံ ၅ ရုံရှိတာကို တွေ့ရပါတယ်။ အဲဒီ စက်ရုံတွေကတော့ Sen Yu Clothing Myanmar  https://www. myanmar labournews.com/posts/အချိန်ပိုအလွန်အကျွံလုပ်ကိုင်ရပေမဲ့-မလောက်ငှလို့-အလုပ်ရပ်ဆန္ဒပြစဉ်-ခြိမ်းခြောက်ဖြိုခွင်းခံရ ၊ Newell ( Myanmar ) Co.Ltd https:/ /www. myanmar labournews.com/posts/newell-အထည်ချုပ်စက်ရုံ-ec-စာချုပ်-မချုပ်ဘဲ-အလုပ်ထွက်ဖို့-ဖိအားပေး  MENGYUE GARMENT https://www. myanmarlabournews.com/posts/ mengyue-garment-စက်ရုံ-ec-စာချုပ်မချုပ်ဘဲ-ခိုင်းစေ-အလုပ်ထွက်ပါက-ငွေကြေးဖြတ်တောက်ဟုဆို ၊ Lian Fa(Myanmar) Company https:// www.myanmar labournews.com/posts/lian-fa-myanmar-အထည်ချုပ်စက်ရုံ-ဝန်ကြီးဌာန သတ်မှတ်သည့်-ထောက်ပံ့ကြေး-မပေး နဲ့ Gysen Myanmar https://www. myanmar labournews. com/ posts/လုပ်ငန်းခွင်အတွင်း-ဝန်ထမ်းများအား-အော်ဟစ်ပြောဆိုခြင်းမပြုလုပ်ဖို့-ဝန်ခံ လက်မှတ်ရေးထိုး  တို့ ဖြစ်ကြပါတယ်။ Gysen Myanmar အထည်ချုပ်စက်ရုံလုပ်ငန်းခွင် အတွင်း အော်ဟစ်ခိုင်းစေတာ ခွဲခြား ဆက်ဆံမှု တွေ မလုပ်ဖို့ မြို့နယ်အလုပ်သမား ဦးစီးရှေ့တွင် စက်ရုံပိုင်ရှင်၊ စူပါ၊ ဝန်ထမ်းများ လက်မှတ်ထိုးခဲ့ရတဲ့ သတင်း အပါအဝင် သတင်း  ၂ ကြိမ်ဖော်ပြခံခဲ့ရတဲ့ စက်ရုံဖြစ်ပါတယ်။

 BONTECH Manufacturing Company  https://www.myanmarlabournews.com/posts/bontech-manufacturing - စက်ရုံ-အချိန်အပို-အလွန်အကျွံခိုင်းစေ-ကိုယ်ဝန်ဆောင်တွေကိုပါ-ညလုံးပေါက်အချိန်ပိုဆင်းခိုင်း ကတော့ တရုတ် နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံဖြစ်ပြီး လုပ်သား ၇၀၀ လောက်လုပ်ကိုင်နေတဲ့ စက်ရုံ ဖြစ်ပါတယ်။ စက်ရုံကတော့  အမျိုးအစား ၃ မျိုး ချိုးဖောက်ထားတာကို တွေ့ရပြီး  COVER GUARD ,PIONEER, Tech-Wear, VIZWELL  စတဲ့ အမှတ်တံဆိပ်တွေ ချုပ်နေတယ်လို့ သိရပါတယ်။

Nyein Hsu Latt Security ကတော့ လုံခြုံရေးကုမ္ပဏီတခုဖြစ်ပြီး  ဝန်ထမ်းတချို့ကို ဝန်ခံခိုင်းပြီး လျှော်ကြေးပေးဖို့ ဖမ်းဆီးချုပ်နှောင် ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။ AYY Garment  ကတော့ အထည်ချုပ်စက်ရုံဖြစ်ပြီး ကုမ္ပဏီ နှစ်ခုစလုံးက ချိုးဖောက်အမျိုးအစား ၂ မျိုးစီရှိနေတာပါ။

New Plus  အထည်ချုပ် စက်ရုံကတော့ အချိန်ပိုဆက်တိုက်ခေါ်ယူ ခိုင်းစေနေလို့ အလုပ်သမားတွေက မကြာခဏ တိုင်ကြားခံရတဲ့ စက်ရုံတရုံ ဖြစ်ပြီး စက်တင်ဘာလထဲမှာ ချိုးဖောက်ခဲ့တဲ့ အမျိုးအစားကလည်း အချိန်ပို ဥပဒေကို ချိုးဖောက် ခိုင်းစေတာ ဖြစ်ပါတယ်။

စက်တင်ဘာ(၂၀၂၄) တွင် သတင်းဖော်ပြထားသည့် စက်ရုံလုပ်ငန်းများ
အမှတ်စဉ် စက်ရုံအမည်  ကုန်အမှတ်တံဆိပ် စက်မှုဇုန်
Tai Hong Garment  EVERLAST, DIEM  ဝါးတရာစက်မှုဇုန်
Myanmar Sinyoung Fashion Clothes Company Limited  Sinsay ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ အစုကြီးရပ်ကွက်
Ten Da Garment  LCW VISION, SANIA CATALINA, MO WOMAN, Defacto, CLOSSHI, mwr, RESERVED   လှိုင်သာယာစက်မှုဇုန် ၄
Wonderful Apparel COLIN’S,ADVENTURE, TRSLLKIDS မြောင်းတကာစက်မှုဇုန်
Prettex Myanmar  Have a wonderful day , Chinese National Geography  သာဓုကန်စက်မှုဇုန်
He MeT Company Limited  everme၊ MAKE TODAY AMAZIN ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အလယ်ရွာ၊ တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်း
Beaume International Garment Mfg Limited  I’Z FRONTIER,COOL WORK, Beaume, TOM TOMPSON,  NEODRY  လှိုင်သာယာစက်မှုဇုန် ၂
Myanmar SHIN WON GARMENT   လှိုင်သာယာစက်မှုဇုန် ၂
Best Choice Garment Co.,Ltd TR & LLKIDS လှိုင်သာယာစက်မှုဇုန် ၂
၁၀ Bohua Fashion mimibala, SEM/R, TOREVD,TOREAD THE WORLD ရွှေလင်ဗန်းစက်မှုဇုန်
၁၁ KSENG (Myanmar) Apparel Mataland, Clique, springfield, FB sister, GEM သာဓုကန်စက်မှုဇုန်
၁၂ Golden Colour Fashion Myanmar Kappa ရွှေပြည်သာစက်မှုဇုန် ၃
၁၃ BEST GARMENT (LAOS) TCHIBO CERTIFIED MERCHANDISE လာအိုနိုင်ငံ၊ ဗီရန်ဂျင်း
၁၄ ETERNAL FASHION CO.LTD balabala, SEMIR, CN: L, EUR:M,US:M, EST.1990, MADE INCHINA, mini လှိုင်သာယာ
၁၅ LZS Apparel   ရွှေသံလွှင်စက်မှုဇုန်
၁၆ Myanmar Xiang Rui Fashion OVS,BESERVED,LCW VISION, IONSDALE/XSIDE သာဓုကန်စက်မှုဇုန်
၁၇ MYANMAR BAG MYANMAR BAG လှိုင်သာယာစက်မှုဇုန် ၁
၁၈ Gysen Myanmar   ဝါးတရာစက်မှုဇုန်
၁၉ Lian Fa(Myanmar) Company   ရွှေသံလွှင်စက်မှုဇုန်
၂၀ Sen Yu Clothing Myanmar RESERVED ရွှေလင်ဗန်းစက်မှုဇုန်
၂၁ Newell ( Myanmar ) Co.Ltd New way  
၂၂ MENGYUE GARMENT PALLTEX ရွှေလင်ဗန်းစက်မှုဇုန်
၂၃  BONTECH  Manufacturing Company COVER GUARD ,PIONEER, Tech-Wear, VIZWELL သာဓုကန်စက်မှုဇုန်
၂၄ Nyein Hsu Latt Security လုံခြုံရေးကုမ္ပဏီ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ဒဂုံတက္ကသိုလ်ရိပ်မွန်အိမ်ယာ စကားဝါလမ်း
၂၅ AYY Garment    ဒဂုံ မြို့သစ် အရှေ့ပိုင်းမြို့နယ်၊ သမိန်ဗရမ်းလမ်း၊ ဒဂုံတက္ကသိုလ် အနီး၊ 
၂၆ New Plus   Feel Sky , WOOLLYTEC, LKM , Global Work , HEAR  သာဓုကန်စက်မှုဇုန်

 

သုံးသပ်ခြင်း

စက်တင်ဘာလအတွင်း ချိုးဖောက်မှုအများဆုံးက ဥပဒေကျော်လွန်ပြီး အချိန်ပိုခေါ်ယူမှုဆိုတာကို ဖော်ပြထားပြီး ဖြစ်ပါတယ်။ တချို့စက်ရုံတွေက ညည့်နက်(အောနိုက်) အထိ လုပ်ကိုင်ခိုင်းပြီး အလုပ်သမားတွေကို စက်ရုံမှာပဲ ဖြစ်သလို အိပ်ခိုင်း  ခဲ့တာပါ။  တချို့ စက်ရုံတွေကတော့ အလုပ်သမားတွေကို ကြိုပို့ယာဉ်တွေနဲ့ မနက် ၅နာရီမှာ နေအိမ်ပြန်ပို့ ပေးပေမဲ့ မနက်၇ နာရီနဲ့ ၈ နာရီကြားမှာ စက်ရုံကို အမီပြန်ဝင်ရပါတယ်။

စက်ရုံဝင် နောက်ကျလို့ပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးအခြေအနေရ ခွင့်တောင်းပါကလည်း စက်ရုံဘက်ကခွင့်ပေးတာမျိုး မရှိဘူးဆိုတာတွေ့ရပါတယ်။ မြန်မာအလုပ်သမား ဥပဒေမှာ သတ်မှတ်ခွင့်တွေပေးရမှာ ဖြစ်ပြီး ခွင့်ရက်တွေ အတွက် လုပ်အားခတွေ ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေကတော့ ဥပဒေပါ အခွင့်အရေးတွေ ရမနေပါဘူး။

ဒါ့အပြင် ဝန်ကြီးဌာနက သတ်မှတ်ပေးတဲ့ ထောက်ပံ့ကြေးမရတာတွေလည်း ကြုံတွေ့နေရပါတယ်။

တဆက်တည်း ၆ နာရီကျော် လုပ်ကိုင်ပေးနေရတာတွေ တွေ့ရတဲ့အပြင်  အလုပ်သမားတွေ အချိန်ပိုမဆင်းပါက ရာထူး မြင့်သူတွေရဲ့ ခွဲခြားဆက်ဆံတာတွေလည်း ခံစားနေရတာကို  တွေ့ရပါတယ်။ ဒီလို အပြုအမူတွေကို စက်ရုံ တာဝန်ရှိသူတွေဘက်က ထိန်းကွပ်တာမျိုးမရှိဘဲ ကိုယ်တိုင်ပါဝင်ဆောင်ရွက်တာတွေ ရှိနေတာကို တွေ့ရပါတယ်။

နေ့စားတွေ၊ အရွယ်မရောက်သူတွေ စက်ရုံထဲမှာ ခိုင်းစေတာတွေတွေ့ရတဲ့ အပြင် လုပ်ငန်းခွင် ထိခိုက်မှုတွေပါရှိ နေပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင် အပူဒဏ်၊ စက်ရုံမှာ သုံးစွဲရတဲ့ သောက်ရေ၊ သန့်စင်ခန်းတွေရဲ့ အခြေအနေဆိုးတွေ အလုပ်သမားတွေ ကြုံတွေ့နေရပါတယ်။

EC စာချုပ် ဖောက်ဖျက်တာတွေ၊ အလုပ်သမားအရာရှိတွေ လာရောက်စစ်ဆေးပေမဲ့ စက်ရုံဘက်က ပြုပြင် ပြောင်းလဲမှု မရှိတဲ့ အခြေအနေတွေလည်း ရှိနေတာတွေ့ရပါတယ်။ လိင်ပိုင်းဆိုင်ရာထိပါးမှုတွေက တရားဝင်လို ဖြစ်နေတာမျိုး၊ လုပ်ငန်းခွင်မှာ နိုင်ငံခြားသားတွေက တိုက်ရိုက် ခိုင်းစေတာနဲ့ နားချိန် အပြည့်အဝမရတဲ့ အခြေအနေတွေ အလုပ်သမားတွေ ကြုံတွေ့နေရပါတယ်။

တိုက်တွန်းခြင်း

သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် STUM ရဲ့ ဖော်ပြချက်တွေနဲ့ Myanmar Labour News ကို ကိုယ်တိုင်လာရောက်ပြောဆိုထားတဲ့ အလုပ်သမားတွေရဲ့ ပြောကြားချက်တွေမှာဆို အချိန်ပို အောလင်း  အောနိုက် လုပ်ကိုင်ခိုင်းနေတယ်ဆိုတဲ့ အချက်အလက် သက်သေတွေ ရှိနေပါတယ်။

ဒါပေမဲ့ ချိုးဖောက်မှုတွေအတွက် အရေးယူဆောင်ရွက်ချက်တွေမရှိသလို ၊ ဘယ်လိုဆောင်ရွက်တယ်ဆိုတဲ့ လုပ်ငန်းစဉ်ကလည်း သိတာထင်ရှားမှုမရှိပါဘူး။ ဒီလို အခြေအနေတွေကြောင့်လည်း စက်ရုံတာဝန်ရှိသူတွေနဲ့ လုပ်ငန်းရှင်တွေက အလုပ်သမားတွေအပေါ် ဖိအားပေး ခိုင်းစေမှုတွေ ဆက်တိုက် ဖြစ်ပွားနေတာပါ။

အလုပ်သမားတွေအနေနဲ့လည်း ချိုးဖောက်ခံရမှုတွေကို အသားမကျဘဲ အကြောင်းအကြား တိုင်ကြားမှုတွေ ဆက်တိုက် ဆောင်ရွက်ဖို့လိုအပ်တယ်လို့ Myanmar Labour News က မြင်ပါတယ်။ ဒါမှပဲ ချိုးဖောက်မှုတွေ အတွက် အရေးယူမှုတွေကတော့ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

အလုပ်သမားတွေအနေနဲ့ တိုက်ရိုက်ထိခိုက်မှုတွေကိုပဲ တိုင်တန်းကြတာဖြစ်ပြီး  အသားကျနေတဲ့ နစ်နာမှုတွေကို ကူညီရေးအဖွဲ့တွေ၊ အဖွဲ့ချုပ်တွေက အသေးစိတ် ဖော်ထုတ်ပေးဖို့လည်း Myanmar Labour News က တိုက်တွန်း ပါတယ်။

 Download PDF