SURVEY

ကြော်ငြာလုပ်ခလစာ အမှန်မပေးသည့် လုပ်သားခေါ်ယူမှု (သို့မဟုတ်) ဧပြီလ ချိုးဖောက်မှုများ

CoverLogo
82 Views

ဧပြီလအတွင်း ချိုးဖောက်မှုအများစုက ပိတ်ရက်အတွက် ရက်အစား လုပ်ကိုင်ခိုင်းတာ အများစုဖြစ်လေ့ ရှိတာကို တွေ့ရပါတယ်။ ဒီ ရက်အစား လုပ်ကိုင်ခိုင်းမှုတွေက အလုပ်သမားတွေ အချိန်ပို လုပ်ခ နစ်နာရပြီး အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ အနားမရလို့ လုပ်အားပိုမို စိုက်ထုတ်ရတဲ့ နစ်နာမှုတွေ ဖြစ်ပါတယ်။ 

Myanmar Labour News ရဲ့  သတင်း ဝဘ်ဆိုက် စာမျက်နှာမှာ တစ်လအတွင်း ဖော်ပြထားတဲ့ သတင်းတွေကို လေ့လာစိစစ်ပြီး တွေ့ရှိချက်တွေကို လစဉ် ထုတ်ပြန်လာတာ တနှစ်ကျော် နှစ်နှစ်အတွင်း ရောက်ရှိလာပါပြီ။ လစဉ်ထုတ်ပြန်မှုတွေ အပြင် နှစ်စဉ်ထုတ်ပြန်ခဲ့တာလည်း လေးကြိမ် ရှိပါပြီ။

ဒီလေ့လာမှုတွေရဲ့ အဓိက ရည်ချက်က အလုပ်သမားတွေရဲ့ အခွင့်အရေး၊ လူ့အခွင့်အရေးနှင့် ဥပဒေ ချိုးဖောက် ခံရမှုတွေကို တင်ပြနိုင်ဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာထုတ်ကုန်တွေအတွက် လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ ရရှိတဲ့ လုပ်ခလစာ၊ အလုပ်ချိန် နဲ့ ဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေက စံနှုန်းတွေနဲ့ ကိုက်ညီမှု ရှိမရှိ၊  ချိုးဖောက်ခံမှု အများဆုံးအကြောင်းအရာတွေကို  သိရှိနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။

အလုပ်သမားတွေအတွက် ကောင်းမွန်တဲ့ အနာဂတ် ဖြစ်ပေါ်စေဖို့ တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမားအဖွဲ့ချုပ်တွေနဲ့ အလုပ်သမားတွေကိုယ်တိုင် ဒီတွေ့ရှိချက်တွေက တဆင့် အလုပ်သမားကဏ္ဍ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။

Myanmar Labour News သတင်းတွေက အလုပ်သမားတွေကိုယ်တိုင် ကြုံတွေ့ရတဲ့ နစ်နာမှုတွေ၊ အလုပ်သမားသမဂ္ဂတွေ၊ အဖွဲ့ချုပ်တွေက ကူညီဖြေရှင်းပေးရတဲ့ နစ်နာမှုတွေကို ဖော်ပြထားတာပါ။

လေ့လာစိစစ်မှုတွေက အလုပ်သမားဥပဒေ ချိုးဖောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ကျားမ အခြေခံ ခွဲခြားဆက်ဆံမှုတွေကို အခြေခံပြီး အကြောင်းအရာ ၃၀ နီးပါး ခွဲခြား လေ့လာထားပါတယ်။

ဧပြီလအတွင်း Myanmar Labour News မှာ  သတင်း ၉၆ ပုဒ် ဖော်ပြထားပြီး အဲဒီသတင်းတွေထဲမှာ ပြည်ပ ရွှေ့ပြောင်းအလုပ်သမား သတင်း က ၃၃ ပုဒ်နဲ့ ပြည်တွင်း အလုပ်သမား သတင်း  ၃၂ ပုဒ်ဖော်ပြ ထားပါတယ်။

ပြည်တွင်းအလုပ်သမား နစ်နာမှု သတင်းတွေက စက်ရုံလုပ်ငန်း  ၂၉ ခုမှာ ဖြစ်ပေါ်ခဲ့ပြီး Golden Colour Fashion အထည်ချုပ်စက်ရုံက သတင်းနှစ်ကြိမ်နဲ့ SenYu Myanmar အထည်ချုပ်စက်ရုံက သတင်း သုံးကြိမ် ဖော်ပြထား ပါတယ်။

SenYu Myanmar အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ ဝန်းကျင် ပါဝင်ခဲ့တဲ့ လုပ်ငန်းခွင်ထဲမှာ အလုပ်ရပ် တောင်းဆိုမှုက ဧပြီလအတွင်း ၂ ရက်ကြာ  ဖြစ်ပွားခဲ့ပါတယ်။

အလုပ်သမားတွေရဲ့   တောင်းဆိုမှုတွေထဲမှာ အလုပ်ပိတ်ရက်နဲ့ အလုပ်ဖွင့်ရက်တွေ တန်းတူ လုပ်ခပေးဖို့ကို အဓိက တောင်းဆိုခဲ့တာ ဖြစ်ပြီး နောက်ဆက်တွဲ လုပ်ခ လစာ တိုးမြှင့်ရေးအပါအဝင်တခြား နစ်နာမှုတွေကိုလည်း လိုက်လျှောဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဧပြီလအတွင်း သတင်းတွေမှာ SenYu Myanmar အထည်ချုပ်စက်ရုံလို လုပ်ခလစာကို အလုပ်ပိတ်ရက်၊ ဖွင့်ရက် တန်းတူ မပေးတာနဲ့ အလုပ်ခေါ် ကြေညာထားတဲ့ ပမာဏအတိုင်းမပေးတဲ့ တခြားစက်ရုံတွေ ရှိနေတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

ဧပြီလ သတင်းတွေထဲမှာ စက်ရုံတွေရဲ့ချိုးဖောက်မှု အကြောင်းအရာ ၂၃ မျိုးကိုတွေ့ရှိရပြိး အချိန်ပိုနဲ့ပတ်သက်တဲ့ အကြောင်းအရာက ၁၆ ကြိမ်၊  တရားမဝင် ငွေကြေးဖြတ်တောက်မှု ၁၄ ကြိမ်၊ ဖိအားပေး အတင်းအကျပ် ခိုင်းစေမှု ၁၂ ကြိမ်၊  ခွဲခြားဆက်ဆံမှုက ရှစ် ကြိမ်၊ အန္တရာယ်မကင်းတဲ့လုပ်ငန်းက ရှစ်ကြိမ်၊ ဆဲဆိုခိုင်းစေမှု ခြောက် ကြိမ်၊ ဥပဒေမဲ့ အလုပ်ထုတ်တာနဲ့ မျှတမှုမရှိတဲ့ အထည်စံချိန်တောင်းခံတဲ့ လုပ်ငန်းက ငါး ခုစီ၊ လူရွယ်လုပ်သားတွေကို ဥပဒေမဲ့ ခိုင်းစေမှု၊ နေ့စားလုပ်တွေအပေါ် ချိုးဖောက်မှုနဲ့ ရက်အစားခိုင်းစေမှုက လေး ခုစီ၊ သမဂ္ဂဖြိုခွဲမှု၊ လူမှုဖူလုံရေး ဥပဒေချိုးဖောက်မှုနဲ့ တောင်းဆိုမှုက သုံးကြိမ်စီ ၊ ကြီးကြပ်သူတွေက ဆုကြေးလုပ်ခ ဖြတ်တောက်မှု  ၊ လုပ်ငန်းခွင် ထိခိုက်မှု၊ ကိုယ်ဝန်ဆောင်တွေအပေါ် ချိုးဖောက်မှုနဲ့ EC စာချုပ် ချိုးဖောက်မှုကနှစ် ကြိမ်စီ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ နားချိန်အပြည့်အဝမရတာ၊ အလုပ်ချိန်ငါးနာရီကျော် တဆက်တည်း လုပ်ကိုင်ရတာနဲ့ လုပ်ငန်းရှင်ဘက်က ကတိပျက်ကွက်တာတွေက တကြိမ်စီ ဖြစ်ပွားခဲ့ပါတယ်။

(ဇယား)

လုပ်ခလစာကို ကြေညာထား တဲ့ ပမာဏအတိုင်းမပေးတာနဲ့ ပိတ်ရက်ဖွင့်ရက် လုပ်ခ တန်းတူ မပေးတာကို တရားမဝင် ငွေကြေးဖြတ်တောက်မှု အကြောင်းအရာမှာ ထည့်သွင်းထားပြီး   ကြီးကြပ်သူက ဆုကြေး ဖြတ်တာ၊ အချိန်ပို မဆင်းလို့ လစာဖြတ်တာ၊ နေ့စားအလုပ်သမားတွေကို လုပ်ခလျှော့ပေးတာ၊ ပိတ်ရက်အတွက် ထောက်ပံ့ကြေးမပေးတာ ၊ အချိန်ပိုခမပေးဘဲ ရက်အစားဆင်းခိုင်းတာ၊  လစာထုတ်ရက် ကျော်လွန်တဲ့အထိ လစာမရတာ၊ ဆန္ဒမပါဘဲ အလှူငွေထည့်ခိုင်းတာ၊  အလုပ်ထွက်ချိန်မှာ လုပ်ခလျှော့ပေးတာ၊ သတ်မှတ် လစာထက် လျှော့ပေးတာ၊ လုပ်ငန်းခွင်ထိခိုက်မှုကုသချိန်အတွက် လုပ်ခဖြတ်တာ၊ ကြိုပို့ကားခ မပေးတာ၊ အချိန်ပိုမဆင်းလို့ ဂရိတ်လျှော့တာ၊ ခွင့်မပေးဘဲ ရက်ပျက်ဆိုပြီး ဒေးကြေးဖြတ်တောက်တာနဲ့  ဆုကြေး ကို ရည်ရွယ်ချက်ရှိရှိ လျှော့ပေးတာတွေ ပါဝင်ပါတယ်။

 

အဲဒီထဲမှာ ကြော်ငြာထားတဲ့ လုပ်ခလစာပမာဏအတိုင်း မပေးဘူးဆိုတဲ့ စက်ရုံ ၆ ရုံရှိတာကိုတွေ့ရပြီး စက်ရုံအားလုံးက အထည်ချုပ်စက်ရုံတွေ ဖြစ်ကြပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ချိုးဖောက်မှု ကြုံတွေ့ရတာကို အထည်ချုပ် အလုပ်သမားတဦးက အခုလို ပြောပြထားပါတယ်။

“စက်ရုံမှာတောင်းဆိုမှု ဖြစ်တာက ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ၊ ကျနော်တို့ ဌာနက အားလုံး အမျိုးသားတွေပဲ။ တောင်ဆိုမှု ဖြစ်တာက စက်ရုံက လိုင်းပေါ်(FB) ကတဆင့် စက်ချုပ်လုပ်သားခေါ်တာက ဒေးကြေး ၈၈၀၀ ပေးမယ် ဆိုပြီး ကြေညာတယ်။ ဒါကို Finishing ပိုင်းက အလုပ်သမားတွေက သိပြီး တောင်းဆိုကြတယ်။ အလုပ်ရပ် ပြီးတောင်းဆိုခဲ့တာပဲ။ စက်ရုံကတော့ ဒေးကြေးပေးခေါ်တယ်ဆိုတာ အလုပ်သမားရအောင် ကြေညာ  တာပါ။ကြေညာထားသလို  တကယ်မပေးပါဘူးဆိုပြီး ပြောတယ်။ လုပ်သားရှားလို့ ဒေးကြေးမြှင့်ခေါ်တာပါလို့ HR တွေက လာ ပြောခဲ့တယ်။ လစာတွေ ရှင်းရင် စောင့်ကြည့်၊ ၇၈၀၀ ပဲ ပေးမှာပါလို့  ပြောခဲ့တယ်။ လုပ်သား လိုချင်လို့ လုပ်ခတွေမြှင့်ပြီး ကြော်ငြာခဲ့လို့ စက်ရုံဘက်က ဝန်ခံခဲ့တယ်။ ကျနော်တို့လည်း ၇၈၀၀ နဲ့ အခုအထိ ပါပဲ”လို့ ပြောပါတယ်။

အဲဒိတောင်းဆိုမှု ဖြစ်ပွားခဲ့တဲ့ စက်ရုံက ရွှေပြည်သာစက်မှုဇုန်က ဖြစ်ပြီး အလုပ်သမား ၉၀၀ ဝန်းကျင် လုပ်ကိုင် နေတယ်လို့ ပြောပါတယ်။ လက်ရှိ စက်ရုံတချို့ ဒေးကြေး ကျပ် ၁၀၀၀၀ ဝန်းကျင် ပေးနေတယ်ဆိုတာကို သူ့အနေနဲ့ မယုံကြည်ဘဲ ပိတ်ရက်တွေမှာ သတ်မှတ်ဒေးကြေး ရမရဆိုတာကို သေချာလေ့လာဖို့ကို တိုက်တွန်းထားပါတယ်။

လုပ်ခ ဒေးကြေးကို အလုပ်ပိတ်ရက်တွေမှာ အလုပ်ဖွင့်ရက်အတိုင်းပေးရမယ်ဆိုတာကို ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေမှာ ပြဌာန်းထားပါတယ်။ (* ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေ ၊ အဓိပ္ပါယ်ဖွင့်ဆိုချက် အမှတ်(၈)၊ အများပြည်သူအလုပ်ပိတ်ရက် အခန်း၊ ပုဒ်မ ၃ (၄) )

အများပြည်သူအလုပ်ပိတ်ရက် အခန်း၊ ပုဒ်မ ၃ (၄) မှာဆို “အလုပ်ရှင်သည် အလုပ်သမားများအတွက် ရက်သတ္တပတ်လျှင် အနည်းဆုံး တရက်ကို အခကြေးငွေ သို့မဟုတ် လစာငွေအပြည့်ဖြင့် အလုပ်ပိတ်ရက် အဖြစ် သတ်မှတ်၍ ခွင့်ပြုပေးရမယ်”လို့ ပြဌာန်းထားတာပါ။

SenYu Myanmar အထည်ချုပ်စက်ရုံက ပိတ်ရက်တွေမှာ ဒေးကြေး ၆၈၀၀ ကျပ်ပဲပေးပြီး အလုပ်ဖွင့်ရက် ဒေးကြေးကိုတော့ ၈၈၀၀ ပေးထားပါတယ်။ ဒီလို ကွာခြားချက်တွေကြောင့် အလုပ်သမားတွေက ၂ ရက်ကြာ အလုပ်ရပ်တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အလုပ်သမားတောင်းဆိုထားတဲ့ အချက် ၆ ချက်အပြင် ပိတ်ရက်ဖွင့်ရက် ဒေးကြေးတန်းတူပေးဖို့ပါ အလုပ်ရှင်ဘက်က သဘောတူခဲ့ပါတယ်။

တရားမဝင် ငွေကြေးဖြတ်တောက်ခံရတဲ့ အကြောင်းအရာက စက်ရုံ ၂၉ ရုံထဲမှာ စက်ရုံ ၁၄ ပါဝင်တာကြောင့်  ချိုးဖောက်ခံရမှု ၅၀ ရာခိုင်းနှုန်းနီးပါးအထိ ရှိနေတာကို တွေ့ရပါတယ်။

ဇယား ၂

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ Myanmar Labour News တွင် ဖော်ပြထားသည့် စက်ရုံလုပ်ငန်းများ

No

စက်ရုံ/ လုပ်ငန်း အမည်

လုပ်ငန်းအမျိုးအစား

ထုတ်ကုန်အမှတ်တံဆိပ်

တည်နေရာ

သတင်း

1

He MeT Company Limited

အထည်ချုပ်

OUTDOOR, CHAPTER, Pageone, JEAN PASCALE

ရန်ကုန်မြို့၊ လှိုင်သာသာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်း၊ အလယ်ရွာ၊မီးတာရုံအနီး

https://www.myanmarlabournews.com/posts/he-met-အထည်ချုပ်-လူရွယ်အလုပ်သမားများအား-လူကြီး-အလုပ်သမားများနှင့်-တန်းတူ-ခိုင်းစေ

2

HOPE ONE CO,LTD

အထည်ချုပ်

noa-ge

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အလယ်ရွာမီးသတ်အဝိုင်းအနီး၊ မောင်ကျန်သီးလမ်း

https://www.myanmarlabournews.com/posts/လုပ်ငန်းခွင်အတွင်းချိုးဖောက်မှုတွေကို-ဖြေရှင်းပေးဖို့-အလုပ်သမားတွေတောင်းဆိုhttps://www.myanmarlabournews.com/posts/လုပ်ငန်းခွင်အတွင်းချိုးဖောက်မှုတွေကို-ဖြေရှင်းပေးဖို့-အလုပ်သမားတွေတောင်းဆို

3

Mai Yi Bei Garment Manufacturing Co.Ltd

အထည်ချုပ်

GIORDANO , RESERVED

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပိတောက်လမ်း

https://www.myanmarlabournews.com/posts/mai-yi-bei-garment-စက်ရုံ-အချိန်ပို-နာရီ-ကွာခြားမှုနှင့်-ဘက်လိုက်မှုကြောင့်-လုပ်ခလစာ-နစ်နာ

4

XING YUAN (Myanmar)

အထည်ချုပ်

RESERVE, Sinsay, GUESS

ရန်ကုန်မြို့၊‌ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊သိမ်ချောင်းလမ်း

https://www.myanmarlabournews.com/posts/xing-yuan-myanmar-အထည်ချုပ်စက်ရုံတွင်-အလုပ်သမားများ-ဆန္ဒမပါဘဲ-အချိန်ပို-ခိုင်းစေ

5

Myanmar Belle Co.Ltd

အထည်ချုပ်

Sinsay

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြသရဖီလမ်း၊ မြစိမ်းရောင်စက်မှုဇုန်

https://www.myanmarlabournews.com/posts/myanmar-belle-coltd-အထည်ချုပ်-ငလျင်လှုပ်သည့်နေ့တွင်-အချိန်ပိုအတင်းအကျပ်-ဆင်းခိုင်း၊-မဆင်းသည့်-အလုပ်သမားအား-လစာဖြတ်

6

Myanmar Huasheng Kefu Fashion

အထည်ချုပ်

Sinsay၊ TRN

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှူဇုန်၊ မြခတ္တာလမ်း

https://www.myanmarlabournews.com/posts/myanmar-huasheng-kefu-fashion-အထည်ချုပ်-အလုပ်ခန့်-လစာ-မပေးသည့်အပြင်-ပိတ်ရက်ဒေးကြေးလျှော့ပေး

7

SDI Manufacturing Co.,Ltd

အထည်ချုပ်

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ၃ လမ်း

https://www.myanmarlabournews.com/posts/sdi-manufacturing-coltd-အထည်ချုပ်-ခြိမ်းခြောက်-ရက်အစား-လုပ်ကိုင်ခိုင်း

8

Myanmar San He

ဆေးဆိုးပန်းရိုက်

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် မွေးမြူရေးဇုန် (၅) ၊ ရွှေရင်အေးကျောင်းလမ်း

https://www.myanmarlabournews.com/posts/myanmar-san-he-စက်ရုံ-ec-စာချုပ်ချိုးဖောက်

9

S.H Co.,Ltd

အထည်ချုပ်

LCW MODEST

ရန်ကုန်မြို့၊လှိုင်သာယာ စက်မှုဇုန်(၂)၊ မက္ခရာမင်းသားကြီးလမ်းမောင်ပျိုးလမ်း

https://www.myanmarlabournews.com/posts/sh-coltd-အထည်ချုပ်စက်ရုံတွင်-ဆဲဆိုပြီး-ကိုယ်ထိလက်ရောက်-ကျူးလွန်

10

GTP Goldan Theparerg

အထည်ချုပ်

 

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ စက်မှုဇုန် ၁

https://www.myanmarlabournews.com/posts/gtp-goldan-theparerg-အထည်ချုပ်-မန်နေဂျာမှ-ခြိမ်းခြောက်-အလုပ်ထုတ်

11

LC international Hotel

ဟိုတယ်

 

ရန်ကုန်မြို့၊ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ ကျန်စစ်သားလမ်း

https://www.myanmarlabournews.com/posts/lc-international-hotel-ဝန်ထမ်းများ-ခွင့်အမျိုးအစားများ-ခံစားခွင့်မရ

12

Myanmar LNY CAPS Co,Ltd

ဦးထုပ်

47 CLEAN UP, FITCAP, OTTO, CAPAMERICA

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မလိခလမ်း၊ BOC မှတ်တိုင်အနီး

https://www.myanmarlabournews.com/posts/myanmar-lny-caps-ဦးထုတ်စက်ရုံ-အလုပ်ရွှေ့ပြောင်းမည်စိုးရိမ်ဟုဆိုပြီး-သင်္ကြန်မုန့်ဖိုး-လျှော့ပေး

13

ZHEJIANG TONGLI Clothing (Myanmar)

အထည်ချုပ်

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ နဝဒေးမင်းကြီးလမ်း

https://www.myanmarlabournews.com/posts/zhejiang-tongli-clothing-myanmar-ပိတ်ရက်အတွက်-ထောက်ပံကြေး-မပေး

14

Dishang Fashion ( Myanmar)

အထည်ချုပ်

 

လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း

https://www.myanmarlabournews.com/posts/အလုပ်သမား-အရေးဆောင်ရွက်သူအမျိုးသမီးကို-လူမှုကွန်ယက်မှာ-လိင်ပိုင်းဆိုင်ရာ-စော်ကားပြောဆိုခဲ့တဲ့-စက်ရုံမန်နေဂျာကို-အရေးယူပေးစေလိုဟုဆို

15

Golden Colour Fashion

အထည်ချုပ်

 

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မြတောင်ဝန်ကြီးဦးမှိုလမ်း၊ ရွှေပြည်သာစက်မှုဇုန် (၃)

https://www.myanmarlabournews.com/posts/golden-colour-fashion-အလုပ်သမားတွေကို-ဖိအားပေးလက်မှတ်ထိုးခိုင်း

16

GTIG HUBO Co. Ltd

အထည်ချုပ်

Only,Vulgaris, Terranova

ရန်ကုန်မြို့ ၊ရွှေပြည်သာမြိုနယ် ၊ မြတောင်လမ်း၊ ဝါးတရာစက်မှုဇုန်

https://www.myanmarlabournews.com/posts/gtig-hubo-gtig-5စက်ရုံက-ဖုန်းအားသွင်းလို့-ဆိုပြီး-အလုပ်သမားနှစ်ဦးအား-အလုပ်ထုတ်

17

GYSen (Myanmar)

အထည်ချုပ်

KAKAO FRIENDS ,TERRANOVA, CALLIOPE, Procera

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်

https://www.myanmarlabournews.com/posts/gysen-myanmar-အလုပ်သမားများ-လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ

18

SUDEY Industrial Myanmar Co.,Ltd

အထည်ချုပ်

 

ပဲခူးမြို့၊ ကလိကျေးအုပ်စု၊ တပ်ကလေးကျေးရွာ

https://www.myanmarlabournews.com/posts/sudey-industrial-myanmar-coltd-သင်္ကြန်ရက်အစားမဆင်းပါက-ပိတ်ရက်ခ-မပေးဟု-ခြိမ်းခြောက်-အလုပ်ဆင်းခိုင်း

19

Yangon Global Star

အထည်ချုပ်

 

ရန်ကုန်မြို့၊ရွှေပေါက်ကံ ၊ရေဝေးအနီး

https://www.myanmarlabournews.com/posts/yangon-global-star-အထည်ချုပ်-အလုပ်ခန့်လစာထက်-လျှော့ပေး

20

Peak Outdoor

အထည်ချုပ်

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်

https://www.myanmarlabournews.com/posts/peak-outdoor-အထည်ချုပ်-ရက်ပျက်ပါက-ပိတ်ရက်ခမပေးဘူးဆိုပြီး-ပြော

21

W8W Beauty Salon

အလှပြင်ဆိုင်

 

မန္တလေးမြို ၆၄*၆၅လမ်းကြား၊ ၄၁လမ်း

https://www.myanmarlabournews.com/posts/w8w-beauty-salon-ဝန်ထမ်း၂၄ဦး-လုပ်ခလစာမရသည့်အပြင်-ဆေးကုသ-စရိတ်-မိသားစုမှ-တောင်းခိုင်း

22

Yoyika Garment

အထည်ချုပ်

natural plus, as-ideal , LIVADES, Laskikaru, Sinsay နဲ့ Little Kids

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မူကြိုလမ်းဆုံ

https://www.myanmarlabournews.com/posts/yoyika-garment-အထည်ချုပ်-သင်္ကြန်ရက်အစား-ည-၈-နာရီအထိ-လုပ်ကိုင်ခိုင်း

23

Alpine

ရေသန့်

 

မှော်ဘီ

https://www.myanmarlabournews.com/posts/alpine-သောက်ရေသန့်-သင်္ကြန်ကာလ-အတင်းအကျပ်-အချိန်ပို-လုပ်ခိုင်း

24

Great Summer (Dishang.group)

အထည်ချုပ်

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်

https://www.myanmarlabournews.com/posts/great-summer-အထည်ချုပ်-သတ်မှတ်-လုပ်ခလစာ-အပြည့်မပေး

25

Guston Amava Ltd

အထည်ချုပ်

 

သီလဝါအထူးစီးပွားရေးဇုန်

https://www.myanmarlabournews.com/posts/guston-amava-ltd-အလုပ်ထွက်အလုပ်သမားအပေါ်-ခွဲခြားဆက်ဆံ

26

Jin Yuan(Myanmar)Garment

အထည်ချုပ်

 

ရန်ကုန်မြို့၊ ရွှေပြည်သာမြိုနယ် ၊ ကင်းဝန်မင်းကြီးလမ်း

https://www.myanmarlabournews.com/posts/jin-yuanmyanmargarment-မတ်လ-လစာမပေး-ပေးမဲ့ရက်လည်း-မပြော

27

Lita Myanmar

အထည်ချုပ်

 

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၄

https://www.myanmarlabournews.com/posts/lita-myanmar-က-hr-မန်နေဂျာ-အဝတ်အစားပေါ်-ခွဲခြားဆက်ဆံ

28

SenYu Myanmar

အထည်ချုပ်

REDTAPE , NAUTICA ,Piazzaitalia

ရန်ကုန်မြို၊လှိုင်သာယာမြို့နယ် ၊ ရွှေလင်ပန်းစက်မှုဇူန် ၊‌ဗန်းမော်အတွင်းဝင်လမ်း

https://www.myanmarlabournews.com/posts/sen-yu-အလုပ်သမားများ-တောင်းဆိုမှု-အားလုံး-နီးပါး-ရရှိပြီး-လုပ်ငန်းခွင်-ပြန်ဝင်

29

စကြာမင်းတိုင်းရင်းဆေး

တိုင်းရင်းဆေး

 

"
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာ ဥယာဉ်မြို့တော်"

https://www.myanmarlabournews.com/posts/စကြာမင်းတိုင်းရင်းဆေးစက်ရုံကို-အလုပ်သမားရုံးကဝင်ရောက်စစ်ဆေးပြီးနောက်-ကျူးလွန်သူတွေကို-ရာထူးချ-အရေးယူခဲ့

ချိုးဖောက်မှု အများအနည်းကို အစဉ်လိုက် ဖော်ပြထားသည်

 

 

 

 

 

တရားမဝင် ငွေကြေး ဖြတ်တောက်မှု

ပိတ်ရက် ၊ ဖွင့်ရက် တန်းတူလုပ်ခမပေးတာ၊ လုပ်ခစာကို ကြေညာထားတဲ့ အတိုင်းမပေးတာနဲ့ တခြား ဖြတ်တောက်မှု တွေကြောင့် လုပ်ခလစာကို အလုပ်သမားတွေ မျှော်လင့်သလို မရတာ ၊ လူမှုအခက်အခဲတွေ ကြုံတွေ့ရတာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ အဓိက ခံစားခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ကျနော်တို့က သင်္ကြန်ပိတ်ရက်မှာ အလုပ်ထွက်ပြီး နယ်ပြန်ဖို့ စီစဉ်ထားတာ။ အလုပ်ထွက်တော့ လစာ ထုတ်ရက်မှာ အလုပ်ထွက်သူတွေကို လစာ ထုတ်မပေးဘူး။ နောက် သုံးလေးငါးရက်စောင့်ရတယ်။နေဖို့ ထိုင်ဖို့ အခက်အခဲတွေ ဖြစ်တယ်။ မိသားစုကို အရင်ပြန်လွှတ်ရတယ်။ လစာတကယ်လည်းထုတ်ရော ဒေးကြေး ၈၈၀၀ ကနေ ၆၈၀၀ နဲ့ ရှင်းပေးတယ်။ အိုတီခတွေလည်း၆၈၀၀ နဲ့ပဲ တွက်ပေးတာ။ ရမယ်ထင်တဲ့ လစာထက် အများကြီးကွာသွားခဲ့တယ်” လို့ နယ်ပြန်သွားပြီးဖြစ်တဲ့ အလုပ်သမားတဦးက ပြောပါတယ်။

တရားမဝင် ငွေကြေးဖြတ်တောက်တယ်ဆိုတဲ့ စက်ရုံတွေကတော့ Great Summer (Dishang.group)၊ He MeT Company Limited ၊ HOPE ONE Co.,Ltd ၊ Jin Yuan(Myanmar)Garment ၊ Mai Yi Bei Garment Manufacturing Co.Ltd ၊ Myanmar Belle Co.Ltd ၊ Myanmar Huasheng Kefu Fashion ၊ Myanmar LNY CAPS Co.,Ltd ၊ Myanmar San He ၊ S.H Co.,Ltd ၊ SDI Manufacturing Co.,Ltd ၊ W8W Beauty Salon (အလှအပ)  ၊ Yangon Global Star ၊ ZHEJIANG TONGLI Clothing (Myanmar) တို့ဖြစ်ပါတယ်။

ဒီတရားမဝင် ငွေကြေးဖြတ်တောက်ခံရတဲ့ အကြောင်းအရာက ဧပြီလတွင်း ဒုတိယအများဆုံး ဖြစ်ပွားတဲ့ အကြောင်းအရာဖြစ်ပါတယ်။ ပထမအများဆုံးအကြောင်းကတော့ ဥပဒေ ချိုးဖောက်ပြီး အချိန်ပိုခေါ်ယူမှုတွေ ဖြစ်ပါတယ်။ စက်ရုံ ၁၆ ရုံမှာ ဖြစ်ပွားခဲ့တာကြောင့် ရာခိုင်း ၅၁ ရာခိုင်နှုန်း ကျော် ရှိတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။

 

အချိန်ပို ချိုးဖောက်ခံရမှု

မြန်မာနိုင်ငံက အလုပ်သမားတွေ အများဆုံး ချိုးဖောက်ခံရမှုက ဥပဒေသတ်မှတ်တွေကို ကျော်လွန်ပြီး အချိန်ပို ခိုင်းစေမှုတွေဖြစ်ပါတယ်။ တနှစ်ခွဲကျော် ပြုစုလာတဲ့ အချက်အလက်တွေအရဆိုရင် ဒီချိုးဖောက်မှုက ထိပ်တန်း စာရင်းဝင် ချိုးဖောက်ခံရမှုလည်း ဖြစ်ပါတယ်။

မြန်မာ့အလုပ်သမားဥပဒေတွေမှာ အချိန်ပိုနဲ့ ပတ်သက်ပြီး အခြေခံအကျဆုံးက အလုပ်သမားတွေ ဖြစ်ပြီး၊ အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ အတင်းအကျပ်ခြိမ်းခြောက် ခိုင်းစေခွင့်မရှိပါဘူး။ ဒါ့အပြင် တပတ် အချိန်ပို နာရီ ၂၀၊ တစ်လ နာရီ ၈၀  ထက်လည်း ကျော်လွန်ခိုင်းစေခွင့်မရှိပါဘူး။ အလုပ်သမားတွေ ရဲ့ ကြိုတင် သဘောတူချက်ရယူဖို့ လိုအပ်သလို သာမန် အလုပ်ချိန်တွေအတိုင်း စက်ရုံဘက်က ကြိုဖို့ယာဉ်တွေ စီစဉ်ပေးဖို့ လိုအပ်ပါတယ်။ အချိန်ပို မလုပ်လိုပါက ငြင်းဆန်နိုင်ခွင့် ရှိပြီး ပြစ်ဒဏ် သတ်မှတ်တာနဲ့ လုပ်ခလစာ ဖြတ်တောက် ခွင့်တွေ မရှိပါဘူး။ ဒါတွေက ဥပဒေမှာ အလုပ်သမားတွေကို ပေးထားတဲ့ အခွင့်အရေးတွေ ဖြစ်ပါတယ်။

ဧပြီလအတွင်း အချိန်ပိုအတင်းအကျပ်ဆင်းခိုင်းတာ၊ မဆင်းပါက လစာဖြတ်တာ၊ အချိန်ပိုဆင်းဖို့ ကြိုတင် ပြောဆို ခြင်းမရှိတာ၊ လုပ်ခ နှစ်ဆ မရတာ၊ လုံးဝ မရတာ၊ ထောက်ပံ့ကြေးဖြတ်တောက်ခံရတာ၊ ပိတ်ရက်အတွက် လုပ်ခ မပေးဘူးဆိုပြီးခြိမ်းခြောက်တာ ၊ ဆန္ဒမပါဘဲ ရက်ဆက် ဆင်းခိုင်းတာ ၊ လုပ်ခမရတာ၊ ခြိမ်းခြောက် အလုပ်ဖြုတ်တာ၊ အချိန်ပိုလုပ်ကိုင်ချိန်တွေ ကွာခြားတာ စတာတွေကို အလုပ်သမားတွေ ကြုံတွေ့ခဲ့ရပါတယ်။ 

အချိန်ပို ချိုးဖောက်ခံရတာကြောင့် လုပ်ခလစာမရတာ၊ အလုပ်အတွက် ကုန်ကျစရိတ်  ပိုများတာ၊ အလုပ်ချိန်များ ပြီး ကျန်းမာရေး ထိခိုက်တာ၊ လစာနစ်နာတာတွေ ကြုံတွေ့ရတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

ချိုးဖောက်မှုရှိတဲ့ စက်ရုံတွေကတော့ Golden Colour Fashion ၊ GTP Goldan Theparerg ၊ HOPE ONE CO,LTD ၊ LC international Hotel (ဟိုတယ်)၊ Mai Yi Bei Garment Manufacturing Co.Ltd ၊ Myanmar Belle Co.Ltd ၊ Myanmar LNY CAPS Co,Ltd ၊ Myanmar San He ၊ Peak Outdoor ၊ SDI Manufacturing Co.,Ltd ၊ SUDEY Industrial Myanmar Co.,Ltd ၊ XING YUAN (Myanmar) ၊ Yangon Global Star ၊ Yoyika Garment၊ ZHEJIANG TONGLI Clothing (Myanmar) နဲ့ Alpine ရေသန့်စတဲ့ စက်ရုံလုပ်ငန်းတွေ ဖြစ်ပါတယ်။

 

ခြိမ်းခြောက်ဖိအားပေးမှု

ဧပြီလအတွင်း  ခြိမ်းခြောက်ဖိအားပေးမှုတွေဖြစ်ပေါ်ခဲတဲ့ လုပ်ငန်းခွင်က အထည်ချုပ်လုပ်ငန်းတွေ ဖြစ်ပါတယ်။  စက်ရုံလုပ်ငန်း ၁၂ ခုမှာ ဖြစ်ပေါ်ခဲ့လို့ ချိုးဖောက်မှုတွေရဲ့ သုံးပုံတစ်ပုံကျော် အထိ များပြားပါတယ်။

ခြိမ်းခြောက် ဖိအားပေးမှုတွေက ဆန္ဒမပါဘဲ အတင်းအကျပ် အချိန်ပိုဆင်းခိုင်းတာ၊ အလုပ်ထုတ်မယ်၊  လစာဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်တာ ၊ ပိတ်ရက်အတွက် လုပ်ခမပေးဘူးလို့ ခြိမ်းခြောက်တာ၊ အထည်စံချိန် ဖိအားပေးတောင်းတာ၊ အတင်းအကျပ် ခြိမ်းခြောက် လက်မှတ်ထိုးခိုင်းတာတွေ ဖြစ်ပါတယ်။

ဒီလို ဖိအားပေးမှုတွေကြုံရဲ့ အလုပ်သမားတွေမှာ စိတ်ပိုင်းဆိုင်ရာ  ထိခိုက်မှုတွေ ဖြစ်ရတယ်လို့ အလုပ်သမားတွေ က ပြောဆိုပါတယ်။

ခြိမ်းခြောက် ဖိအားပေး လုပ်ကိုင်ခိုင်းတယ်ဆိုတဲ့ စက်ရုံတွေကတော့  Golden Colour Fashion ၊ GTIG HUBO Co. Ltd ၊ GTP Goldan Theparerg ၊ HOPE ONE Co.,Ltd ၊ Myanmar Belle Co.Ltd ၊ Myanmar Huasheng Kefu Fashion ၊ Peak Outdoor ၊ S.H Co.,Ltd ၊ SDI Manufacturing Co.,Ltd ၊ SUDEY Industrial Myanmar Co.,Ltd ၊ XING YUAN (Myanmar) နဲ့ Yoyika Garment စက်ရုံတွေ ဖြစ်ပါတယ်။

ခွဲခြားဆက်ဆံမှုတွေ

လုပ်ငန်းခွင်အတွင်း အလုပ်ရှင်၊ လုပ်ငန်းခွင်အတွင်းက စက်ရုံ မန်နေဂျာ၊ HR ဌာန၊ ကြီးကြပ်သူတွေနဲ့ အလုပ်သမားတွေ ကြား ခွဲခြားဆက်ဆံမှု အများဆုံး ဖြစ်ပွားတာကို တွေ့ရပါတယ်။ လုပ်ခလစာနဲ့ ရပိုင်ခွင့်တွေ ခွဲခြားပေးတာ၊ အလုပ်အကိုင်အခွင့်အရေးကို ခွဲခြားပေးတာ၊  ကိုယ်ထိလက်ရောက် ပြုမူတာတွေ    အများရှေ့မှာ အရှက်ရအောင် ပြောဆို ပြုမူတာ ၊ ဖိအားပေး ခိုင်းစေတာ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ခွဲခြားဆက်ဆံတာ၊ ခွဲခြားအလုပ်ထုတ်တာ၊  ပြောဆိုတာတွေ ဖြစ်ပါတယ်။ 

ဧပြီလအတွင်း ခွဲခြားဆက်ဆံမှုတွေ ရှိတယ်ဆိုတဲ့ စက်ရုံလုပ်ငန်းပေါင်း ၁၀ ခု ရှိပြီး အားလုံးသောစက်ရုံတွေက အထည်ချုပ်လုပ်ငန်း တွေ ဖြစ်ပါတယ်။ ချိုးဖောက်တဲ့စက်ရုံ အားလုံးရဲ့ သုံးပုံတစ်ပုံရှိလို့ များပြားတဲ့ ချိုးဖောက်မှု ဖြစ်ပါတယ်။ ခွဲခြားဆက်ဆံမှုတွေရဲ့ အကျိုးဆက်ကတော့ အလုပ်သမားတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ပေါ်တာ ဖြစ်ပါတယ်။

အဲဒီ အထည်ချုပ်စက်ရုံတွေကတော့ GTIG HUBO Co.,Ltd ၊ GTP Goldan Theparerg ၊ Guston Amava Ltd ၊ GYSen (Myanmar) ၊ HOPE ONE Co.,Ltd ၊ Lita Myanmar ၊ Mai Yi Bei Garment Manufacturing Co.Ltd ၊ Myanmar Huasheng Kefu Fashion ၊ S.H Co.,Ltd နဲ့ SUDEY Industrial Myanmar Co.,Ltd စက်ရုံတွေ ဖြစ်ကြပါတယ်။

အရေအတွက်နည်းပေမဲ့ သတိထား စောင့်ကြည့်ရမဲ့ အကြောင်းအရာတွေ

မြန်မာ့အလုပ်သမား ဥပဒေမှာ အလုပ်ချိန်၊ ခဏ အလုပ်နားရမဲ့ အချိန်တွေကို ပြဌာန်းထားပေမဲ့ အလုပ်သမားတွေ နားချိန်အပြည့်မရတာ၊ တဆက်တည်း အလုပ်ချိန် ငါးနာရီကျော် လုပ်ကိုင်ရတာတွေ ဆက်ရှိနေတာ တွေ့ရပါတယ်။

အလုပ်ရှင်တွေဘက်က အလုပ်သမားတွေအပေါ် တောင်းပန်ရမဲ့ ကတိတွေ ပျက်ကွက်တာ ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကားမှုတွေလည်း ဖြစ်ပွားတာတွေ့ရပါတယ်။ ဒီအဖြစ်အပျက်တွေမှာ စီမံခန့်ခွဲမှုမှာ တာဝန် အရှိဆုံးက အလုပ်ရှင်တွေဖြစ်ပြီး  တာဝန်ခံမှုရှိဖို့ လိုအပ်တာကို တွေ့ရပါတယ်။ 

EC စာချုပ် မချုပ်တာ၊ SSB လို လူမှုဖူလုံရေး ကတ်မရတာ၊ လစဉ် ပေးသွင်းမရတာတွေလည်း ပိုမို ဖြစ်ပွားတာတွေ့ရပြီး အလုပ်သမားဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုလိုအပ်နေတာက ထင်ထင်ရှားရှား တွေ့ရပါတယ်။ 

ကိုယ်ဝန်ဆောင်အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံမှုတွေလည်း ဆက်ရှိနေပြီး တချို့စက်ရုံတွေမှာဆို စက်ရုံမှာ အမြင့်ဆုံးရာထူးရရှိထားသူတွေရဲ အပြုအမူကြောင့် ကိုယ်ဝန်ပျက်ကျပြီး ကျန်းမာရေးထိခိုက်တာနဲ့ အလုပ်အကိုင် ဆုံးရှုံးရတဲ့ အဖြစ်တွေကိုလည်း တွေ့ရပါတယ်။

စက်ရုံလုပ်ငန်း တခုမှာ ရှိသင့်တဲ့ လုံခြုံရေးနဲ့ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်မှုအားနည်းတာ၊ စက်ရုံ အတွင်း အပူချိန်မြင့်မားတာ၊ ဆေး၊ ဆေးခန်းနဲ့ သူနာပြုမရှိတာ၊ သောက်ရေမကောင်းတာ၊ သန့်စင်ခန်းတွေ မလုံခြုံတာ၊ သန့်ရှင်းမှုမရှိတာနဲ့ ကြိုပို့ယာဉ်တွေ ကျပ်တည်းတာ၊ စီစဉ်မပေးတာတွေကလည်း ဧပြီလအတွင်း သတင်းဖော်ပြထားတဲ့ စက်ရုံတွေရဲ့ သုံးပုံတပုံလောက်မှာ ဖြစ်ပွားတာတွေ့ရပါတယ်။

ပိတ်ရက်အတွက် အတင်းအကျပ် ရက်အစားဆင်းခိုင်းတာ၊ မမျှတတဲ့ အထည်စံချိန်တောင်းတာ၊ နေ့စား အလုပ်သမားတွေ အပေါ် ချိုးဖောက်တာ၊ လူရွယ်လုပ်သားတွေကို ဥပဒေမဲ့ ခိုင်းစေတာတွေလည်း များပြားနေဆဲ ဖြစ်တာကို တွေထားပါတယ်။

အဖြစ်အများဆုံးဖြစ်တဲ့ ဆဲဆိုမှု ၊ ဥပဒေမဲ့ အလုပ်ထုတ်မှုတွေနဲ့ ခွင့်ရက်ခံစားခွင့်မပေးတာတွေလည်း အရေအတွက် များများ ဆက်ရှိနေပြီး ကျဆင်းမှုမရှိတာကို တွေ့ရှိရပါတယ်။

မြန်မာအလုပ်သမားဥပဒေတွေမှာ အလုပ်သမားတွေအတွက် အကာအကွယ်တွေ၊ အခွင့်အရေးတွေကို အတိအကျ ပြဌာန်းသတ်မှတ်ထားပေမဲ့ ဥပဒေပါ အခွင့်အရေးတွေ ချိုးဖောက်ခံရမှုက ဥပဒေကို အသုံးချတဲ့ လူပုဂ္ဂိုလ်တွေမှာပဲ တာဝန်အရှိဆုံးလို့ Myanmar Labour News က သုံးသပ်ကြောင်း တင်ပြလိုက်ပါတယ်။

 

ရေးသားသူ    - မင်းနီကျော်
တည်းဖြတ်    - ဆုလာဘ်ဖြူ
ဒီဇိုင်း        -     ကျော်ကြီး

သတင်းရေးသားသူများ
- ဆုလာဘ်ဖြူ
- မင်းနီကျော်
- မမ
- ယွန်းဆက်

Myanmar Labour News ရဲ့ လစဉ်အစီရင်ခံစာထွက်ရှိနိုင်ရေး နဲ့ အရည်အသွေးကောင်းမွန်တဲ့ လစဉ် နှစ်စဉ် အစီရင်ခံစာတွေ ထွက်ရှိနိုင်ရေး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နိုင်ရန်အ တွက် ဖိတ်ခေါ်ပါတယ်။

Myanmar Labour Society 
Research Team

Download PDF