မင်းနီကျော်
DownloadPDF
ဇူလိုင်လအတွင်း Myanmar Labour News မှာ ဖော်ပြထားတဲ့ သတင်းတွေကို Myanmar Labour Society က လေ့လာဆန်းစစ်ခဲ့ရာမှာ ဥပဒေအရ အသက် မပြည့်သေးတဲ့ လူရွယ်လုပ်သား ကလေးငယ်ကို အလုပ်ခန့်ထား ခိုင်းစေပြီး လုပ်ခလစာ အပြည့် မပေးဘဲ ခိုင်းစေမှုတွေ တွေ့ရှိရပါတယ်။
မြန်မာ အလုပ်သမားတွေမှာ ကလေးလုပ်သား ခိုင်းစေမှုနဲ့ ပတ်သက်ပြီး အလုပ်ခန့်ထားရမဲ့ အသက်အရွယ်၊ အခြေအနေနဲ့ အလုပ်ချိန်တွေကိုသာ ပြဌာန်းထားတာဖြစ်ပြီး လုပ်ခလစာ ပေးချေမှု ကိုတော့ သီးခြား ပြဌာန်းထားတာ မတွေ့ရပါဘူး။
ဒီလို ပြဌာန်းချက်မရှိတာကပဲ လူရွယ်ကလေး လုပ်သားတွေအတွက် နစ်နာမှု အကြောင်းအရင်း ဖြစ်နေတာလည်း Myanmar Labour Society က သတိပြုမိထားပါတယ်။
ဇူလိုင်လအတွင်း Myanmar Labour Newsမှာ သတင်းပေါင်း ၁၂၂ ပုဒ် ဖော်ပြခဲ့ပါတယ်။ အဲ့ထဲမှာ အလုပ်သမား ဥပဒေနဲ့ အခွင့်အရေးချိုးဖောက်တဲ့ စက်ရုံ ၅၀ ရဲ့ သတင်း အပုဒ် ၆၀ ဖော်ပြထားပါတယ်။
Myanmar Labour News သတင်း ဝတ်ဘ်ဆိုဒ် မှာ ဖော်ပြထားတဲ့ သတင်းတွေကို Myanmar Labour Society က အကြောင်းအရာ ၃၀ နီးပါးကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခဲ့ပါတယ်။ ဒီအကြောင်းအရာတွေက လုပ်ငန်းခွင် အတွင်း အလုပ်သမားဥပဒေ ချိုးဖောက်တာ၊ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ပြဌာန်းချက်တွေနဲ့ ညီညွတ်မှု ရှိမရှိ၊ လူ့အခွင့်အရေးတွေ လိုက်နာမှု နဲ့ လူမှုစံနှုန်းခွဲခြားမှုတွေကို အခြေခံပြီး ဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင်လထဲမှာတော့ လုပ်ငန်းခွင် လိုအပ်ချက်တွေနဲ့ လုပ်ခလစာတိုးမြှင့်ရေးတောင်းဆိုမှုတွေ လျှော့နည်းပေမဲ့လည်း အလုပ်သမားဥပဒေ ချိုဖောက်ပြီး ရက်တွက်ဒေးကြေး၊ ရပိုင်ခွင့် ငွေကြေး ဖြတ်တောက်မှုတွေ အများအပြား ဖြစ်ပေါ်တာ တွေ့ရပါတယ်။
ဒီလို လုပ်ခလစာ ဖြတ်တောက်မှုတွေထဲမှာ ငယ်ရွယ်တဲ့ အလုပ်သမားတွေကို သတ်မှတ်လုပ်ခလစာ အပြည့်အဝ မပေးတာတဲ့ စက်ရုံတွေ၊ တနင်္ဂနွေနေ့နဲ့ အများပြည်သူ အလုပ်ပိတ်ရက်တွေမှာပါ ရက်တွက် ဒေးကြေး အပြည့်မပေးတဲ့ အထည်ချုပ် စက်ရုံတွေပါတွေ့ရပါတယ်။
စက်ရုံတွေရဲ့ ချိုးဖောက်မှု အကြောင်းအရာတွေကို Myanmar Labour Society က လေ့လာ တွေ့ရှိချက်တွေ အရ စက်ရုံတရုံမှာ ချိုးဖောက်မှု အမျိုးအစား ၉ မျိုးအထိ အများဆုံး ဖြစ်ပွားတာကိုတွေ့ရပါတယ်။
ဒီဇူလိုင်လအတွင်း လေ့လာမှု ပြုလုပ်တဲ့ စက်ရုံတွေကတော့ အထည်ချုပ်စက်ရုံ ၄၂ ရုံ ၊ ဖိနပ်ချုပ် စက်ရုံ၊ ဦးထုပ်ချုပ် စက်ရုံ၊ အိတ်ချုပ်စက်ရုံ၊ ထုတ်ပိုးစက်ရုံ၊ ဝန်ဆောင်မှုလုပ်ငန်းစက်ရုံ၊ သောက်ရေသန့်စက်ရုံ၊ လက်ဝတ်လက်စား စက်ရုံ၊ အီလက်ထရောနစ်ပစ္စည်း စက်ရုံတွေက တစ် ရုံစီ ပါဝင်ပါတယ်။
အထည်ချုပ်၊ အိတ်ချုပ်၊ ဦးထုပ်၊ ဖိနပ်ချုပ်စက်ရုံတွေက CMP လုပ်ငန်းအမျိုးအစားတွေ ဖြစ်ကြပြီး စုစုပေါင်း ၄၅ ရုံ ရှိပါတယ်။ ဇူလိုင်လအတွင်း အလုပ်သမားအခွင့်အရေးနဲ့ ဥပဒေချိုးဖောက်တဲ့ စက်ရုံ ၅၀ ထဲမှာ ဒီ CMP လုပ်ငန်း စက်ရုံတွေက ၄၅ ရုံ အထိပါဝင်တာကြောင့် ရာခိုင်နှူန်းအားဖြင့် ၉၀ အထိ ရှိနေပါတယ်။
(Excel)
၂၀၂၅ ခုနှစ် ဇွန်လအတွင်း သတင်းဖော်ထားသည့် စက်ရုံလုပ်ငန်းများနှင့် ထုတ်ကုန်များ | |||||
No | စက်ရုံလုပ်ငန်း | လုပ်ငန်းအမျိုးအစား | ကုန်အမှတ်တံဆိပ် | လုပ်ငန်းတည်နေရာ | သတင်းဖော်ပြမှု |
1 | Casico Garment | အထည်ချုပ် | musinsa standard | ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်-၃ ၊ ဆိပ်ကမ်းသာလမ်း | https://www.myanmarlabournews.com/posts/ဥပဒေမဲ့အလုပ်ထုတ်တာမလုပ်ဖို့နဲ့ကျန်းမာရေးထိခိုက်တဲ့အလုပ်ခွင်ကို-ပြုပြင်ပေးဖို့အလုပ်သမားတွေလိုလားနေ |
2 | Chi Mei Garment | အထည်ချုပ် | ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၊၁၄ လမ်းဆုံအနီး | https://www.myanmarlabournews.com/posts/chi-mei-အထည်ချုပ်စက်ရုံ-အချိန်ပိုကြေးမပေးဘဲ-လုပ်ကိုင်ခိုင်း | |
3 | Shun Yu Myanmar Garment Co.,Ltd | အထည်ချုပ် | Sinsay, Max, Amisu | ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှူဇုန်၊ ကနောင်မင်းသားကြီးလမ်း | https://www.myanmarlabournews.com/posts/အလုပ်ခွင်-အတွင်း-အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေပြုပြင်ပေးဖို့-လိုလားနေဟုဆို |
4 | Sky Fashion Myanmar Co.,Ltd | အထည်ချုပ် | Roly | ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစပယ် ၁ လမ်း |
https://www.myanmarlabournews.com/posts/မြန်မာမျိုး-ရေသန့်စက်ရုံ-အချိန်ပိုကြေး-ကျပ်တစ်ထောင်ပဲ-ပေး |
5 | Dishang Fashion (Myanmar) Co.,Ltd | အထည်ချုပ် | ONLY, BESTSELLER, PImKIe, FIRST DOWN | ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ရွှေသံလွင်စက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း | https://www.myanmarlabournews.com/posts/လုပ်ငန်းခွင်ထိခိုက်မှုတွေ-ဖြစ်ပေါ်ပါက-တာဝန်ယူပေးဖို့-လိုအပ်နေ |
6 | Lucky Fortune Co.,ltd | အထည်ချုပ် | AC&CO | အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၄၊ ဆရာဦးထွန်းလမ်း | https://www.myanmarlabournews.com/posts/အချိန်ပို-ဖိအားပေးခိုင်းစေမှုကြောင့်-အခက်တွေ့နေဟုဆို |
7 | Myanmar Guotai Huasheng Glory Fashion Garment | အထည်ချုပ် | Xside Active | ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဦးထွန်းညိုလမ်း | https://www.myanmarlabournews.com/posts/ခွင့်တရက်ယူပါက-ကျပ်-၇၀၀၀၀-ထိဖြတ်တောက်ခံနေရပြီး-ဥပဒေပါခံစားခွင့်ဆုံးရှုံးနေရ |
8 | New Zhong Hui Co.,Ltd | အထည်ချုပ် | RESERVED, Sinsay, House | ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှူဇုန်၊ ဆိပ်ကမ်းသာလမ်း |
https://www.myanmarlabournews.com/posts/အချိန်ပိုot-ဖိအားပေးဆင်းခိုင်းတာနဲ့-ဆေးခွင့်မရလို့အလုပ်သမားတွေနစ်နာနေဟုဆို |
9 | Novel King | အထည်ချုပ် | JUCHEN | ရန်ကုန်မြို့ ၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ မြသီတာရပ်ကွက် | https://www.myanmarlabournews.com/posts/novel-king-အထည်ချုပ်စက်ရုံတွင်-ကလေးလုပ်သား-များအား-ညနက်အထိ-ခိုင်းစေ |
10 | Alland Fashion Ltd | အထည်ချုပ် | Franklin Climbing | လှိုင်သာယာမြို့နယ်၊ ဖန်ချက်ဝန်ဦးရွှေအိုလမ်း | https://www.myanmarlabournews.com/posts/လူမှုဖူလုံရေးခံစားခွင့်နဲ့-အလုပ်သမားအခွင့်ရေးတွေနစ်နာနေဟုဆို |
11 | Glowing &Win Investment (ADK) | အထည်ချုပ် | CRIVIT .JACK &JONES Brands | ရန်ကုန်တိုင်း ဒေသကြီး၊ မဂ်လာဒုံ မြို့နယ်၊ R.၆လမ်၊ ဇေကမ္ဘာမြို့တော် | https://www.myanmarlabournews.com/posts/glowing-win-investment-adk-အထည်ချုပ်စက်ရုံ-မှာ-အလုပ်သမား-တွေကို-ot-အတင်းအကျပ်ဆင်းခိုင်းပြီး-အလုပ်သမားအခွင့်အရေးချိုးဖောက်နေ |
12 | Golden Propitious (Myanmar) Co.,Ltd | အထည်ချုပ် | ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် ၊ မြလမ်း | https://www.myanmarlabournews.com/posts/golden-propitious-အထည်ချုပ်-ပိတ်ရက်အပါအဝင်-အချိန်ပို-အတင်းအကျပ်-ခိုင်းစေ | |
13 | He MeT Co.,Ltd | အထည်ချုပ် | JEAN PASCALE၊ CHAPTER၊ everme | https://www.myanmarlabournews.com/posts/he-met-company-လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ-ကျူးလွန်ခိုင်းစေ | |
14 | Lat War 1 | အထည်ချုပ် | https://www.myanmarlabournews.com/posts/လက်ဝါး-၁-အထည်ချုပ်စက်ရုံအတွင်း-ခွဲခြားဆက်ဆံမှုတွေ | ||
15 | Lat War 3 Co.,Ltd | အထည်ချုပ် | KAPALUA, REGATA, MAVI CONIN’s, MORAJ | ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂ ၊ ဆိပ်ကမ်းသာလမ်း | https://www.myanmarlabournews.com/posts/lat-war-3-နားရက်မပေးဘဲ-အချိန်ပိုအတင်းအကျပ်ခိုင်းစေ-ဟုဆို |
16 | LITA MYANMAR Co.,ltd | အထည်ချုပ် | Srrvo, Cross Linen, Onward | ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် ၄ ၊ စက်ဆရာဦးထွန်းလမ်း | https://www.myanmarlabournews.com/posts/ဒေးကြေးတိုးပေးဖို့-lita-myanmar-coltd-အလုပ်သမားတွေလိုလားနေ |
17 | New Plus | အထည်ချုပ် | သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်း (နွားခြံမှတ်တိုင်အနီး) | https://www.myanmarlabournews.com/posts/new-plus-အထည်ချုပ်-စက်လိုင်းကိုင်-နိုင်ငံခြားသားက-စက်ချုပ်လုပ်သားတဦးအား-ကိုယ်ထိလက်ရောက်ပြုမူ | |
18 | Saiform International Garment Myanmar | အထည်ချုပ် | ZEROCTAGE, Huna, ZERO-STAGE WORKWEAR, TIEORA, SOLOTEX | ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန် ၊ မင်းကြီးမဟာမင်းခေါင်လမ်း | https://www.myanmarlabournews.com/posts/သတ်မှတ်ထားသည့်-အထည်ကြေးမပေးဘဲ-ခေါင်းပုံဖြတ် |
19 | Skytex Myanmar | အထည်ချုပ် | ကလိတပ်ကလေးကျေးရွာ၊ ပဲခူးမြို့နယ်၊ ပဲခူးမြို့ | https://www.myanmarlabournews.com/posts/skytex-myanmar-နေ့စဉ်-ညနက်-အချိန်ပိုနှင့်-စနေနေ့မှာ-အော်လင်း-ဆင်းခိုင်း | |
20 | EUROSTYLE (Myanmar) | အထည်ချုပ် | Ensored, Couture, Super Push | ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၄ | https://www.myanmarlabournews.com/posts/eurostyle-myanmar-အထည်ချုပ်-ကလေးလုပ်သားတွေအသုံးပြုပြီး-လုပ်အားခခေါင်းပုံဖြတ် |
21 | JIMMY Garment (Myanmar) | အထည်ချုပ် | NORWAY Nautical School | ရန်ကုန်မြို့၊ ရွှေပြည်သာ စက်မှုဇုန် (၁)၊ စက်မှု(၇)လမ်း | https://www.myanmarlabournews.com/posts/jimmy-garment-က-နေ့စားလုပ်သားများအား-အချိန်ပိုကြေးမပေးဘဲ-အလုပ်ထုတ် |
22 | Lesmart (Myanmar) Apparel | အထည်ချုပ် | DeFacto ၊ LEGENDARY whitetails | ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ စက်မှုပတ်လမ်း | https://www.myanmarlabournews.com/posts/lesmart-myanmar-apparel-အထည်ချုပ်-စစ်ဆေးမှုအား-လိမ်လည်-ဖြေကြားခိုင်း |
23 | Mai Yi Bei Garment Manufacturing Co.Ltd | အထည်ချုပ် | mister lady , clevercare. Info , ALCOTT , ORIGINAL MARINES | ရန်ကုန်တိုင်းဒေကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပိတောက်လမ်း | https://www.myanmarlabournews.com/posts/အချိန်ပိုအလွန်အကျွံခေါ်ယူတာနဲ့-လုပ်ငန်းခွင်အတွင်း-ကိုယ်ထိလက်ရောက်ပြုလုပ်မှုများအား-အရေးယူပေးစေလို-ပေးစာ |
24 | Poly Clothing Co.,Ltd | အထည်ချုပ် | Minoti | ရန်ကုန်မြို့၊ လှိုင်သာယာမြိုန့ယ်၊ အနောက်ပိုင်းနည်းပညာတက္ကသိုလ်အနီး | https://www.myanmarlabournews.com/posts/poly-clothing-coltd-အထည်ချုပ်စက်ရုံ-အချိန်ပို-ညလုံးပေါက်ခိုင်းစေ |
25 | West wood | အထည်ချုပ် | noannu | ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂၊ ဆရာစံလမ်း | https://www.myanmarlabournews.com/posts/xing-run-myanmar-စက်ရုံ-ကလေးလုပ်သားများအား-ခိုင်းစေပြီး-လုပ်ခ-တဝက်ပဲပေး |
26 | Xing Run Myanmar | အထည်ချုပ် | ရန်ကုန်၊ အရှေ့ဒဂုံ စက်မှုဇုန်၊ ကနောင်မင်းသားကြီးလမ်း | https://www.myanmarlabournews.com/posts/west-wood-အထည်ချုပ်-စက်ရုံ-လုပ်ခ-တိုးတောင်းဆိုမှု-လျှော်ကြေးပေး-အလုပ်ထုတ်မည်ဟု-အကြောင်းပြန် | |
27 | YUVA Electronic (Myanmar) Co.,Ltd | အီလတ်ထရောနစ် | ရန်ကုန်မြို့ သန်လျင်မြို့နယ်၊ သီလဝါပြည်တွင်းစက်မှုဇုန်၊ ဗန်းမော်အတွင်းဝန်လမ်း | https://www.myanmarlabournews.com/posts/yuva-electronic-စက်ရုံ-အချိန်ပို-နာရီ-၂၀-ကျော်ခိုင်းစေပြီး-လုပ်ခ-နှစ်ဆမပေး | |
28 | BCC Jewelry MFG | လက်ဝတ်လက်စား | ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်၊ အရှေ့ဒဂုံစက်မှုဇုန်၊ ပြည်စည်မြင်သာကြီးလမ်း | https://www.myanmarlabournews.com/posts/bcc-jewelry-mfg-လုပ်သားများ-တနေ့-အချိန်ပို-၆-နာရီ-ကျော်-လုပ်ကိုင်ရပြီး-အိပ်ချိန်-၆-နာရီသာရ | |
29 | Dongxin Garment | အထည်ချုပ် | ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၃၊ နဝဒေးမင်းကြီးလမ်း | https://www.myanmarlabournews.com/posts/dongxin-စက်ရုံတွင်-သုံးပတ်ကျော်ကြာ-အချိန်ပိုများ-ဆက်တိုက်-ခေါ်ခိုင်းနေ | |
30 | Double Packing Myanmar | ထုတ်ပိုးပစ္စည်း | လှိုင်သာယာမြို့နယ်၊အနော်ရထာစက်မှုဇုန်၊မြရတနာလမ် | https://www.myanmarlabournews.com/posts/double-packing-myanmar-စက်ရုံ-wcc-ရွေးချယ်မှု-စနစ်တကျမရှိသည့်အပြင်-ကျန်းမာရေးနှင့်-ဘေးအန္တရာယ်များ-ရှိနေ | |
31 | GTIG Easter Garment | အထည်ချုပ် | ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန် | https://www.myanmarlabournews.com/posts/gtig-easter-garment-အထည်ချုပ်-hr-ဝန်ထမ်းများ-ငွေချေးပြီး-အလုပ်သမားများအား-ဖိအားပေး-ခြိမ်းခြောက် | |
32 | Myanmar Ju Chuan | ဖိနပ်ချုပ် | ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းဧရာလမ်း | https://www.myanmarlabournews.com/posts/myanmar-ju-chuan-ဖိနပ်-စက်ရုံ-ကြီးကြပ်ရေးမှူးမျာ-ခြိမ်းခြောက်-ဆဲဆို-ခိုင်းစေ | |
33 | Myanmar LNY CAPS Co.,Ltd | ဦးထုပ်ချုပ် | 47 CLEAN UP, FITCAP, OTTO, CAPAMERICA | " ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်က ရွှေသံလွင်စက်မှု၊ မေလိခလမ်း" |
https://www.myanmarlabournews.com/posts/ဝင်ငွေခွန်ဖြတ်တောက်မှု-ပွင့်လင်းမြင်သာစွာ-ရှင်းလင်းပေးဖို့-အလုပ်သမားတွေပြော |
34 | Myanmar Xiang He | အထည်ချုပ် | ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံစက်မှုဇုန် ၊အင်းဝလမ်း | https://www.myanmarlabournews.com/posts/myanmar-xing-he-အထည်ချုပ်-အာဇာနည်နေ့-အတင်းအကျပ်-အချိန်ပိုဆင်းခိုင်း | |
35 | Peak Outdoor (Yangon) Co.,Lt | အထည်ချုပ် | INAREM | ရန်ကုန်မြို့၊ လှိုင်သာယာမြိုနယ် ၊ မြစိမ်းရောင်စက်မှုဇုန် ၊ မြသရဖီလမ်း | https://www.myanmarlabournews.com/posts/အလုပ်သမားတွေကိုခြိမ်းခြောက်အလုပ်ခိုင်းပြီး-အလုပ်ခွင်ချိုးဖောက်မှုတွေလုပ်နေ |
36 | Shwe Myinn Washing Factory | ဝန်ဆောင်မှုလုပ်ငန်း | ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ နဝဒေးမင်းကြီးလမ်း | https://www.myanmarlabournews.com/posts/peak-outdoor-yangon-အထည်ချုပ်-ကိုယ်ဝန်ဆောင်များအား-အောလင်းအချိန်ပို-ဆင်းခိုင်း | |
37 | SUDEY Industrial Myanmar Co.,Ltd | အထည်ချုပ် | ကလိ တပ်ကလေးကျေးရွာ၊ ပဲခူးမြို့နယ်၊ ပဲခူးမြို့ | https://www.myanmarlabournews.com/posts/sudey-အထည်ချုပ်-အောလင်းအချိန်ပိုဆင်းခိုင်း-ဘုရားဖူးလုပ်သားများအခက်တွေ့ | |
38 | Golden Colour Fashion (Myanmar) | အထည်ချုပ် | Sinsay, Kappa | ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၃ | https://www.myanmarlabournews.com/posts/အလုပ်သမားသဘောတူညီချက်မရှိဘဲ-မိုးလင်းပေါက်-အချိန်ပိုခေါ်ယူနေ |
39 | HKW Hyatt Knitwear Co.,Ltd | အထည်ချုပ် | ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၅ ၊ သံလွင်းလမ်းနဲ့ ဧရာလမ်းဒေါင့် | https://www.myanmarlabournews.com/posts/ညနက်-အချိန်ပိုတွင်-သေဆုံးခဲ့သည့်-အလုပ်သမားအတွက်-ဖူလုံရေးလျှော်ကြေးရရှိရေး-ဆောင်ရွက်နေ | |
40 | Hundred Garment Myanmar | အထည်ချုပ် | ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (သဘာဝမှတ်တိုင်အနီး) | https://www.myanmarlabournews.com/posts/hundred-garment-myanmar-အသက်မပြည့်ဟုဆိုကာ-လုပ်သာ၁၂ဦးအား-အလုပ်ထုတ်ပြန် | |
41 | Myanmar Belle International Co.Ltd | အထည်ချုပ် | Sinsay | ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန် | https://www.myanmarlabournews.com/posts/တပတ်လျင်-ပိတ်ရက်တရက်အနားပေးဖို့-လိုအပ်နေ |
42 | Myanmar Fala Fala Clothing | အထည်ချုပ် | La Vie Rose | ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ မြလမ်း | https://www.myanmarlabournews.com/posts/myanmar-fala-fala-အထည်ချုပ်စက်ရုံတွင်-လုပ်ခလစာ-တိုးမြှင့်ပေးရေး-အလုပ်သမာများ-တောင်းဆိုနေ |
43 | Myanmar Myo | သောက်ရေသန့်လုပ်ငန်း | Myanmar Myo | လှိုင်သာယာမြို့နယ်၊ ၁၄ရပ်ကွက် ၊ လှိုင်ရတနာလမ်း | https://www.myanmarlabournews.com/posts/မြန်မာမျိုး-ရေသန့်စက်ရုံ-အချိန်ပိုကြေး-ကျပ်တစ်ထောင်ပဲ-ပေး |
44 | Sunlong (Myanmar) Sports Co.,Ltd | အိပ်ချုပ် | ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် ၊ နွားခြံမှတ်တိုင်အနီး၊ maxဆီဆိုင်အရှေ့ | https://www.myanmarlabournews.com/posts/sunlong-myanmar-sports-coltd-အိတ်ချုပ်-စက်ရုံ-အချိန်ပို-နေ့စဉ်-လုပ်ကိုင်ရပြီး-တနင်္ဂနွေနေ့ပါ-ဆင်းနေရ | |
45 | Sunrise Myanmar Fashion Garment | အထည်ချုပ် | ရန်ကုန်၊ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် ၄ ကျောက်စိမ်းလမ်း | https://www.myanmarlabournews.com/posts/အချိန်ပိုအလွန်အကျွံဆင်းခိုင်းပြီး-လုပ်ငန်းခွင်အတွင်းလိင်ပိုင်းဆိုင်ရာ-နှောင့်ယှက်မှုတွေရှိနေဟုဆို | |
46 | Bright Future Gt Appeal | အထည်ချုပ် | ရန်ကုန်မြို့ ၊ ရွှေပြည်သာမြိုနယ်၊ သာဓုကန်စက်မှုဇုန်၊ ပုလဲလမ်း၊ အသဘာဝ မှတ်တိုင်အနီး | https://www.myanmarlabournews.com/posts/bright-future-gt-appeal-အထည်ချုပ်စက်ရုံမှာ-အချိန်ပို-အောလင်း-နေ့စဉ်-ဆင်းနေရ | |
47 | Peach Garden | အထည်ချုပ် | ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၃ ၊ မင်းကြီးမဟာမင်းခေါင်လမ်း | https://www.myanmarlabournews.com/posts/peach-garden-အထည်ချုပ်စက်ရုံ-ထုတ်လုပ်မှု-မန်နေဂျာဆိုသူက-ဆဲဆို-ခိုင်းစေ | |
48 | VHT | အထည်ချုပ် | ပဲခူးမြို့၊ ပဲခူးစက်မှုဇုန်၊ ဆင်ဖြူကွင်း လမ်းခွဲအနီး | https://www.myanmarlabournews.com/posts/vht-အထည်ချုပ်-စက်ရုံ-လစာ-ထုတ်-မပေးနိုင် | |
49 | Wan He Shou Fashion Co;Ltd | အထည်ချုပ် | ရန်ကုန်၊ ရွှေပြည်သာစက်မှုဇုန် ၃၊ မင်းကြီးမဟာမင်းခေါင်လမ်းနှင့် ဦးဖိုးလှိုင်လမ်း | https://www.myanmarlabournews.com/posts/hr-မန်နေဂျာကိုအလုပ်ထုတ်ပေးဖို့-အလုပ်သမားတွေ-စုပေါင်းတောင်းဆိုမှုဖြစ် | |
50 | Yongon Fashion Myanmar | အထည်ချုပ် | UniBoss | ရန်ကုန်မြို့၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်း | https://www.myanmarlabournews.com/posts/yongon-fashion-myanmar-အလုပ်သမားများ-တောင်းဆိုမှု-ပမာဏအနည်းငယ်တိုးမြှင့်ရ |
* ချိုးဖောက်မှု အများမှ အနည်းသို့ အစဉ်လိုက် ဖော်ပြထားသည်။ |
အလုပ်သမားဥပဒေနဲ့ အခွင့်အရေးချိုးဖောက်မှု အကြောင်းအရာတွေထဲမှာ အချိန်ပို အတင်းအကျပ် ခိုင်းစေတဲ့ စက်ရုံပေါင်း ၃၃ ရုံ၊ လုပ်ခလစာ ဖြတ်တောက်တဲ့ စက်ရုံက ၂၇ ရုံ၊ ဖိအားပေး ခြိမ်းခြောက် ခိုင်းစေတဲ့ စက်ရုံ ၂၆ ရုံ၊ ဆဲဆို ခိုင်းစေတယ်ဆိုတဲ့ စက်ရုံ ၁၆ ရုံ၊ ဥပဒေမဲ့ အလုပ်ထုတ်တဲ့ စက်ရုံ ၁၃ ရုံ၊ ကောင်းမွန်လုံခြုံတဲ့ လုပ်ငန်းခွင် မရှိတဲ့ စက်ရုံက ၁၃ ရုံ၊ လုပ်ငန်းခွင် ခွဲခြားဆက်ဆံတဲ့ စက်ရုံ ၁၂ ရုံ၊ လူရွယ်ကလေးလုပ်သားတွေကို ခိုင်းစေနေတယ်ဆိုတဲ့ စက်ရုံ ၁၁ ရုံ၊ ဥပဒေပါ ခွင့်နဲ့ ခံစားခွင့်တွေ မပေးတဲ့ စက်ရုံ ၁၀ ရုံ၊ အထည်စံချိန် ဖိအားပေး တောင်းတဲ့ စက်ရုံ ၉ ရုံ၊ စစ်ဆေးရေးအဖွဲ့အစည်းတွေကို လိမ်လည်ဖြေကြားခိုင်းတဲ့ စက်ရုံက ၆ ရုံ၊ ကြီးကြပ်ရေးမှူးမှ ငွေကြေး ဖြတ်တောက်တဲ့ စက်ရုံ ၅ ရုံ၊ အလုပ်ချိန် ၅ နာရီကျော် ဆက်တိုင်လုပ်ကိုင်ရတဲ့စက်ရုံ ၅ ရုံ၊ နေစားလုပ်သားတွေကို ဥပဒေ ချိုးဖောက်တဲ့ စက်ရုံက ၄ ရုံ၊ တောင်းဆို ဆန္ဒပြမှု ဖြစ်ပွားတဲ့ စက်ရုံက ၄ ရုံ၊ လုပ်ငန်းခွင်ထိခိုက်မှု ရှိတဲ့ စက်ရုံ ၃ ရုံ၊ WCC ဥပဒေ မလိုက်နာတဲ့ စက်ရုံ ၂ ရုံ၊ နားချိန်အပြည့်မပေးတဲ့ စက်ရုံ ၂ ရုံ၊ တခြားအလုပ်တွေကို ခိုင်းစေတဲ့ စက်ရုံ ၂ ရုံ၊ သမဂ္ဂအဖွဲ့ ဖြိုခွဲတဲ့ စက်ရုံ ၁ ရုံ၊ ပိတ်ရက်အတွက် အစားထိုး လုပ်ကိုင်ခိုင်းတဲ့ စက်ရုံ ၁ ရုံ၊ လုပ်ငန်းခွင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တဲ့ စက်ရုံ ၁ ရုံ နဲ့ ကိုယ်ဝန်ဆောင်လုပ်သား အခွင့်အရေး ချိုးဖောက်တဲ့ စက်ရုံ ၁ ရုံ ပါဝင်တာကို တွေ့ရပါတယ်။
(ဂရတ် ၁)
အချိန်ပို အတင်းအကျပ် ခိုင်းစေမှုများ
ဇူလိုင်လအတွင်း အချိန်ပို လုပ်ကိုင်ဖို့ အတင်းအကျပ် ခိုင်းစေတဲ့ စက်ရုံ ၃၃ ရုံ တွေ့ရတာလို့ ပါဝင်မှု ၆၆ ရာခိုင်နှုန်းအထိ ရှိနေတာပါ။
အချိန်ပို အတင်းအကျပ် ခိုင်းစေတဲ့ အကြောင်းအရာတွေကတော့ အချိန်ပို အလွန်အကျွံလုပ်ကိုင်ရတာ၊ အချိန်ပိုလုပ်ကိုင်ဖို့ ဆန္ဒမပါဘဲ လက်မှတ် ထိုးခိုင်းတာ၊ အလုပ်အကိုင်ကို ခြိမ်းခြောက်တာ၊ သတ်မှတ် အချိန်ပို အလုပ်ချိန်ထက် ပိုမိုလုပ်ကိုင်ရတာ၊ ပိတ်ရက်နဲ့ အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ အတင်းအကျပ် လုပ်ကိုင်ခိုင်းတာ၊ အချိန်ပို မလုပ်ပါက ရက်မှန်ကြေး၊ ဂရိတ်ကြေး ဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်တာ၊ ဖြတ်တောက်တာ၊ အလုပ်ထုတ်တာ၊ ဆန္ဒမပါဘဲ ညနက်နဲ့ ညလုံးပေါက် လုပ်ကိုင်ရတာတွေ ဖြစ်ပါတယ်။
အချိန်ပို အမြောက်အများလုပ်ကိုင်ရလို့ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးပြဿနာတွေ အလုပ်သမားတွေ ရင်ဆိုင်ရပြီး HKW Hyatt Knitwear Co.,Ltd (https://www.myanmarlabournews.com/posts/ညနက်-အချိန်ပိုတွင်-သေဆုံးခဲ့သည့်-အလုပ်သမားအတွက်-ဖူလုံရေးလျှော်ကြေးရရှိရေး-ဆောင်ရွက်နေ) အထည်ချုပ်စက်ရုံမှာ အလုပ်သမားတဦး လုပ်ငန်းခွင်ထဲမှာပဲ သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အလုပ်သမား ဥပဒေမှာ အချိန်ပို လုပ်ကိုင်ဖို့ အလုပ်ချိန်၊ လုပ်ခတွေကို ပြဌာန်းထားပြီး ညွှန်ကြားလွှာတွေပါ ထုတ်ပြန်ထားပါတယ်။ အချိန်ပို ခိုင်းစေမှုနဲ့ ပတ်သက်ပြီး လုပ်ကိုင်ဖို့ အဆင့်တွေပါ သတ်မှတ်ထားပေးမဲ့ စက်ရုံတွေဘက် လိုက်နာမှု မရှိတာကို တွေ့ရပါတယ်။
လက်ရှိ ဥပဒေကျော်လွန်ပြီး အချိန်ပို ခိုင်းစေမှုက ချိုးဖောက်မှုတွေထဲမှာ ဒုတိယမြောက် အများဆုံးအနေနဲ့ ရှိနေပြီး အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ မဖြေရှင်းတဲ့ ချိုးဖောက်မှု ပြဿနာ တစ်ရပ်လည်း ဖြစ်ပါတယ်။ ချိုးဖောက်သူတွေကို ဥပဒေအရ ထောင်ဒဏ်၊ ငွေဒဏ် ချမှတ် နိုင်တဲ့ ဥပဒေတစ်ရပ် ဖြစ်လို့ အဂတိအများဆုံး ဖြစ်ပွားတဲ့ အကြောင်းအရာလည်း ဖြစ်နေဆဲပါ။
ဇူလိုင်လအတွင်း အချိန်ပို အတင်းအကျပ် ခိုင်းတယ်ဆိုတဲ့ လုပ်ငန်းတွေက ဦးထုပ်ချုပ်၊ ဖိနပ်ချုပ်၊ အထည်ချုပ်၊ အိတ်ချုပ်၊ လက်ဝတ်လက်စား၊ ဝန်ဆောင်မှု၊ သောက်ရေ၊ အီလက်ထရောနစ် စက်ရုံ တွေ ဖြစ်ပါတယ်။
ဒီစက်ရုံတွေကတော့ Alland Fashion Ltd၊ BCC Jewelry MFG၊ Bright Future Gt Appeal၊ Casico Garment၊ Chi Mei Garment၊ Dongxin Garment၊ EUROSTYLE (Myanmar)၊ Glowing &Win Investment (ADK) ၊ Golden Colour Fashion (Myanmar) ၊ Golden Propitious (Myanmar) Co.,Ltd၊ HKW Hyatt Knitwear Co.,Ltd ၊ JIMMY Garment (Myanmar) ၊ Lat War 1 ၊ Lat War 3 Co.,Ltd ၊ Lucky Fortune Co.,ltd ၊ Mai Yi Bei Garment Manufacturing Co.Ltd၊ Myanmar Belle International Co.Ltd ၊ Myanmar Ju Chuan၊ Myanmar LNY CAPS Co.,Ltd၊ Myanmar Myo၊ Myanmar Xiang He ၊ New Plus ၊ Novel King ၊ Peak Outdoor (Yangon) Co.,Lt၊ Poly Clothing Co.,Ltd ၊ Shun Yu Myanmar Garment Co.,Ltd ၊ Shwe Myinn Washing Factory ၊ Skytex Myanmar၊ SUDEY Industrial Myanmar Co.,Ltd၊ Sunlong (Myanmar) Sports Co.,Ltd ၊ Sunrise Myanmar Fashion Garment၊ Xing Run Myanmar ၊ YUVA Electronic (Myanmar) Co.,Ltd စက်ရုံတို့ ဖြစ်ပါတယ်။
လုပ်ခလစာ ဖြတ်တောက်မှုများ
ဇူလိုင်လအတွင်း အလုပ်သမားတွေရဲ့ လုပ်ခလစာ ဖြတ်တောက်တယ်ဆိုတဲ့ စက်ရုံပေါင်း ၂၇ ရုံ ရှိပြီး သောက်ရေသန့်၊ အထည်ချုပ်၊ အီလက်ထရောနစ် နဲ့ ဦးထုပ်ချုပ် လုပ်ငန်းတွေဖြစ်ပါတယ်။ ချိုးဖောက်မှု စက်ရုံ ပါဝင်မှု ၅၄ ရာခိုင်နှုန်းအထိ ရှိလို့ သတင်းမှာ ဖော်ပြထားတဲ့ စက်ရုံရဲ့ တစ်ဝက်ကျော်က လုပ်ခလစာ ဖြတ်တောက်မှုမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
ချိုးဖောက်မှု ပုံစံတွေကတော့ လူရွယ်ကလေးလုပ်သားတွေနဲ့ နေ့စားလုပ်သားတွေကို သတ်မှတ် ရက်တွက်ဒေးကြေး လျှော့ ပေးတာ၊ အချိန်ပိုကြေး မပေးတာ၊ လုပ်သက်ခွင့် နှစ်ကြေး ဥပဒေ သတ်မှတ်ချက်အတိုင်း မပေးတာ၊ အချိန်ပို မဆင်းလို့ဆိုပြီး ကျွမ်းကျင်ကြေး၊ ရက်မှန်ကြေးနဲ့ ရက်တွက် ဒေးကြေးဖြတ်တာ၊ ဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်တာ၊ သတ်မှတ်ရက်မှာ လစာ ထုတ် မပေးတာ၊ အလုပ်နောက်ကျလို့ ဆိုပြီး လစာ ဖြတ်တာ၊ ရက်ပျက်လို့ လစာ ရက်ရွှေ့ပေးတာ၊ နေ့စားလုပ်သားတွေကို အချိန်ပိုကြေးမပေးတာ၊ ဥပဒေအတိုင်း အချိန်ကြေး နှစ်ဆ မပေးတာ၊ အထည်ဆုကြေး မပေးတာ၊ ခွင့်မပေးဘဲ ရက်ပျက်ဆိုပြီး လုပ်ခလစာနဲ့ ရပိုင်ခွင့်တွေ ဖြတ်တောက်တာ၊ အချိန်ပို လုပ်ခ လျှော့ပေးတာ၊ ဒေးကြေးတိုးမြှင့်ပေးပြီး ရပိုင်ခွင့်များ လျှော့ချတာတွေ ဖြစ်ပါတယ်။
လုပ်ခလစာ ဖြတ်တောက်တဲ့ သတင်းဖော်ပြထား စက်ရုံတွေကတော့ Alland Fashion Ltd Casico Garment ၊Chi Mei Garment၊ Dishang Fashion (Myanmar) Co.,Ltd ၊ Dongxin Garment ၊ EUROSTYLE (Myanmar)၊ Glowing &Win Investment (ADK) ၊ Golden Propitious (Myanmar) Co.,Ltd၊ JIMMY Garment (Myanmar) ၊ Lat War 1 ၊ Lat War 3 Co.,Ltd ၊ LITA MYANMAR Co.,ltd ၊ Lucky Fortune Co.,ltd ၊ Myanmar Guotai Huasheng Glory Fashion Garment ၊ Myanmar LNY CAPS Co.,Ltd Myanmar Myo၊ Myanmar Xiang He ၊ New Zhong Hui Co.,Ltd၊ Novel King ၊ Poly Clothing Co.,Ltd ၊ Saiform International Garment Myanmar ၊ Shun Yu Myanmar Garment Co.,Ltd ၊ Sky Fashion Myanmar Co.,Ltd ၊ Skytex Myanmar၊ VHT ၊ Xing Run Myanmar ၊YUVA Electronic (Myanmar) Co.,Ltd တို့ ဖြစ်ပါတယ်။
ဖိအားပေး ခြိမ်းခြောက် ခိုင်းစေခြင်း
ဖိအားပေး ခြိမ်းခြောက် ခိုင်းစေတဲ့ သတင်းမှာ စက်ရုံ ၂၆ ရုံ ပါဝင်တာကို တွေ့ရပါတယ်။ အဲစက်ရုံတွေရဲ့ လုပ်ငန်း အမျိုးအစားတွေကတော့ အထည်ချုပ်၊ အိတ်ချုပ်နဲ့ အီလက်ထရောနစ် လုပ်ငန်းတွေ ဖြစ်ပါတယ်။ ချိုးဖောက်မှု စက်ရုံပါဝင်မှုက ၅၂ ရာခိုင်းနှူန်းအထိ ရှိပါတယ်။
ဖိအားပေးခြိမ်းခြောက် ခိုင်းစေခြင်းကို နိုင်ငံတော်က သတ်မှတ်ပြဌာန်းထားတဲ့ EC စာချုပ်မှာ တားမြစ်ထားပြီး အတင်းအဓမ္မ ခိုင်းစေမှု ဖြစ်တယ်လို့ အလုပ်သမားအဖွဲ့ချုပ်တွေက သတ်မှတ်ထားပါတယ်။
တွေ့ရှိရတဲ့ ဖိအားပေး ခြိမ်းခြောက်မှုတွေကတော့ အချိန်ပို လုပ်ကိုင်ဖို့ အတင်းအကျပ် လက်မှတ်ထိုးခိုင်းတာ၊ ဆင်းခိုင်းတာ၊ အထည်စံချိန်ကို ဖိအားပေး တောင်းတာ၊ အတင်းအကျပ် အလုပ်ဆင်းခိုင်းတာ၊ နားရက်တွေမှာ အလုပ်ဆင်းခိုင်းတာ၊ စက်ရုံစည်းကမ်းဆိုပြီး သတိပေးလက်မှတ်ထိုးခိုင်းတာ၊ ငြင်းဆန်သူတွေကို ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး၊ ဒေးကြေး ဖြတ်တောက်တာ၊ မပေးဘူးဆိုပြီး ခြိမ်းခြောက်တာ၊ အလုပ်ထုတ်တာ၊ အတင်းအကျပ် အလုပ်ဆင်းခိုင်းတာ၊ အထည်စံချိန် အရေအတွက် ထပ်ခါထပ်ခါ တောင်းဆိုတာ၊ အလုပ်နေရာပြောင်းရွှေ့တာ၊ အလုပ်ထွက်ဖို့ ဖိအားပေးတာ၊ အပေါ့အပါး လွတ်လပ်စွာ သွားခွင့်မရတာ၊ အငြိုးအတေးထား ဆက်ဆံခံရတာ စတာတွေ ဖြစ်ပါတယ်။
ဖိအားပေး ခြိမ်းခြောက်မှုတွေ ရှိတယ်ဆိုတဲ့ စက်ရုံတွေကတောာ့ Casico Garment ၊ Chi Mei Garment၊ Dishang Fashion (Myanmar) Co.,Ltd ၊ Dongxin Garment ၊ Glowing &Win Investment (ADK) ၊ Golden Propitious (Myanmar) Co.,Ltd၊ GTIG Easter Garment၊ He MeT Co.,Ltd ၊ Lat War 3 Co.,Ltd ၊ Lesmart (Myanmar) Apparel ၊ Lucky Fortune Co.,ltd ၊ Mai Yi Bei Garment Manufacturing Co.Ltd၊ Myanmar Belle International Co.Ltd ၊ Myanmar Xiang He NEW ZHONG HUI CO.,Ltd၊ Peak Outdoor (Yangon) Co.,Lt၊ Poly Clothing Co.,Ltd ၊ Saiform International Garment Myanmar ၊ Shun Yu Myanmar Garment Co.,Ltd ၊ Sky Fashion Myanmar Co.,Ltd ၊Skytex Myanmar၊ SUDEY Industrial Myanmar Co.,Ltd၊ Sunlong (Myanmar) Sports Co.,Ltd ၊ West wood ၊ Xing Run Myanmar ၊ YUVA Electronic (Myanmar) Co.,Ltd တို့ ဖြစ်ပါတယ်။
ဆဲဆို ခိုင်းစေခြင်း
ဇူလိုင်လအတွင်း Myanmar Labour News က ဖော်ပြထားတဲ့ သတင်းတွေထဲမှာ လုပ်ငန်းခွင်အတွင်း ဆဲဆို ခိုင်းစေနေတဲ့ စက်ရုံ ၁၆ ရုံ ပါဝင်ပါတယ်။ ဒီအရေအတွက်က ချိုးဖောက်မှု ရှိတယ်ဆိုတဲ့ စက်ရုံတွေရဲ့ သုံးပုံတစ်ပုံ အထိ ရှိနေတာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်အတွင်း ဆဲဆိုခိုင်းစေတာက လုပ်ငန်းခွင် အနိုင်ကျင့်မှု အမျိုးအစားထဲမှာ ပါဝင်တယ်လို့ ကျွမ်းကျင်သူ တွေ က ဆိုပါတယ်။ ဝန်ထမ်းတစ်ဦးချင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပြီး လုပ်ငန်းခွင် စည်းမျဥ်း၊ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု တစ်ရပ်လို့လည်း အလုပ်သမားရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ ဆဲဆိုတာက အနိုင်ကျင့်မှုရဲ့ အဓိကပုံစံတစ်ခု ဖြစ်ပြီး ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လိုလည်း ပြောထားပါတယ်။
ဆဲဆို ခိုင်းစေမှု ပုံစံတွေကတော့ အထည်စံချိန်တောင်းဆိုရာမှာ အများစု တွေ့ထားသလို တချို့လုပ်ငန်းခွင် တွေမှာတော့ ကိုယ်ထိလက်ရောက် ပြုမူတဲ့ အထိ ဖြစ်ပွားတာကို တွေ့ရပါတယ်။
ဆဲဆိုမှုတွေ ရှိတဲ့ စက်ရုံတွေ ကတော့ Casico Garment ၊ Chi Mei Garment၊ Glowing &Win Investment (ADK) ၊ Golden Colour Fashion (Myanmar) ၊ Golden Propitious (Myanmar) Co.,Ltd၊He MeT Co.,Ltd ၊ Lat War 3 Co.,Ltd ၊ Lucky Fortune Co.,ltd ၊ Mai Yi Bei Garment Manufacturing Co.Ltd၊ Myanmar Guotai Huasheng Glory Fashion Garment ၊ Myanmar Ju Chuan၊ New Plus ၊ New Zhong Hui Co.,Ltd၊ Peach Garden၊ Shun Yu Myanmar Garment Co.,Ltd ၊ Sky Fashion Myanmar Co.,Ltd တို့ ဖြစ်ပါတယ်။
ဥပဒေမဲ့ အလုပ်ထုတ်
မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေတွေမှာ အလုပ်ရှင်က အလုပ်သမားကို ဘယ်လိုအခြေအနေမျိုးမှာ ထုတ်ပယ်နိုင် သလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ အဓိကအားဖြင့်တော့ အလုပ်သမား အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ လူမှုဖူလုံရေးဥပဒေ နဲ့ စက်ရုံများ အက်ဥပဒေ စတာတွေမှာ ဖော်ပြထားပါတယ်။
လက်ရှိ စက်ရုံတွေ အလုပ်ထုတ်မှုတွေကတော့ အသက်မပြည့်တဲ့ အလုပ်သမားတွေကို ခန့်ထားပြီးမှ နစ်နာကြေး တစုံတရာ မပေးဘဲ အလုပ်ထုတ်တာ၊ သတ်မှတ်လုပ်ခမပေးဘဲ နေ့စား အလုပ်သမား အဖြစ် ခိုင်းစေပြီး အလုပ် ထုတ်တာ၊ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ခြိမ်းခြောက်ပြောဆိုတာ၊ ခွင့်မပေးဘဲ ရက်ပျက်ဆိုပြီး အလုပ်ထုတ်တာ၊ အချိန်ပို မဆင်းလို့ အလုပ်ထုတ်တာတွေကို တွေ့ရှိရပါတယ်။
အလုပ်ထုတ်တယ်ဆိုတဲ့ စက်ရုံ ၁၃ ရုံ ရှိတာကိုတွေ့ရပြီး အဲ့ဒီ စက်ရုံတွေကတော့ Casico Garment ၊Chi Mei Garment၊ Dishang Fashion (Myanmar) Co.,Ltd ၊ Hundred Garment Myanmar ၊ JIMMY Garment (Myanmar) ၊ Lat War 1 ၊ Lesmart (Myanmar) Apparel ၊ Mai Yi Bei Garment Manufacturing Co.Ltd၊ New Plus ၊ New Zhong Hui Co.,Ltd၊ Poly Clothing Co.,Ltd ၊Sky Fashion Myanmar Co.,Ltd ၊ SUDEY Industrial Myanmar Co.,Ltd စတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။
ကောင်းမွန်လုံခြုံတဲ့ လုပ်ငန်းခွင် မရှိခြင်း
ကုန်ထုတ်လုပ်မှု မြင့်တက်ဖို့၊ ကုန်ထုတ်စွမ်းအားမြင့်တင်နိုင်ဖို့ ကောင်းမွန်လုံခြုံတဲ့ လုပ်ငန်းခွင်ဖြစ်ဖို့ဆိုပြီး ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက် ဥပဒေကို ပြဌာန်းထားပါတယ်။
ဒါ့အပြင် လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်မရှိရင် အလုပ်သမားတွေ ထိခိုက်ဒဏ်ရာရတာ၊ စိတ်ဖိစီးတာတွေအပြင် လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကိုပါ ထိခိုက်စေနိုင်တယ်လို့ အလုပ်သမားရေးကျွမ်းကျင်သူတွေက ပြောဆိုထားတာ ရှိပါတယ်။
ဇူလိုင်လအတွင်း ကောင်းမွန်လုံခြုံတဲ့ လုပ်ငန်းခွင် မရှိတဲ့ စက်ရုံ ၁၃ ရုံပါဝင်တာကို တွေ့ရပါတယ်။ အဲဒီ စက်ရုံတွေ လုပ်ငန်းခွင်အခြေအနေတွေကတော့ စက်ရုံမှာ အရေးပေါ်သုံးစွဲနိုင်တဲ့ ဆေးဝါး မရှိတာ၊ ကြိုပို့ယာဉ် ကျပ်တည်းတာ၊ စီစဉ်ဆောင်ရွက်မပေးတာ၊ လုပ်ငန်းခွင် အကာအကွယ်ပစ္စည်းတွေ မပေးတာ၊ ကျွေးမွေးမှု မသန့်ရှင်းတာ၊ သောက်ရေ သန့်ရှင်းမှု လုံလောက်မှုမရှိတာ၊ သန့်စင်ခန်း အိမ်သာတွေ မသန့်ရှင်းတာ၊ လုံခြုံမှုမရှိတာ၊ စက်ရုံအရေးပေါ်ထွက်ပေါက်မရှိတာ၊ ပိတ်ဆို့ထားတာ တွေ ရှိနေတာနဲ့ အချိန်ပိုဆင်းရပြီး လုပ်ငန်းခွင်ထဲမှာ ဖြစ်သလို အိပ်စက်ရလို့ အလုပ်သမားသေဆုံးရတဲ့ ဖြစ်စဉ်တွေပါ ရှိတာကို တွေ့ရပါတယ်။
အဲဒီလုပ်ငန်းတွေက Alland Fashion Ltd ၊ BCC Jewelry MFG၊ Casico Garment ၊ Chi Mei Garment၊ Double Packing Myanmar ၊ Glowing &Win Investment (ADK) ၊ HKW Hyatt Knitwear Co.,Ltd ၊ Lat War 3 Co.,Ltd ၊ LITA MYANMAR Co.,ltd ၊ Myanmar LNY CAPS Co.,Ltd၊ Saiform International Garment Myanmar ၊ Shun Yu Myanmar Garment Co.,Ltd ၊ Sky Fashion Myanmar Co.,Ltd စက်ရုံတွေမှာ တွေ့ရပါတယ်။
လုပ်ငန်းခွင် ခွဲခြားဆက်ဆံခြင်း
စက်ရုံတွေမှာ တွေ့ရတဲ့ ခွဲခြားမှုတွေက ရာထူးနဲ့ လုပ်ပိုင်ခွင့် ကွဲပြားခြားနားမှုတွေကြားက လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်မှု နဲ့ အနိုင်ကျင့်မှုတွေ ဖြစ်ကြပါတယ်။
ဇူလိုင်လအတွင်း တွေ့ရတဲ့ အကြောင်းအရာတွေက ရာထူးပေါ်မူတည်ပြီး စက်ရုံ စည်းကမ်း ခွဲခြားလိုက်နာတာ၊ လူပုဂ္ဂိုလ်အပေါ် မူတည်ပြီး ဂိတ်ပတ်စ်ကို ခွဲခြားပေးတာ၊ လုပ်ခလစာ ရက်တွက် ဒေးကြေး ခွဲခြား ပေးချေတာ၊ ကျွမ်းကျင်ကြေးနဲ့ အထည်ကြေး ခွဲခြားပေးတာ၊ အထည်စံချိန် ခွဲခြား တောင်းတာ၊ အချိန်ပို မဆင်းလို့ အငြိုးထားတာ၊ သုံးစွဲသည့် ပစ္စည်းအပေါ် ခွဲခြား နှိမ့်ချမှု ပြုလုပ်တာ၊ ဆန္ဒပြအလုပ်သမားတွေကို အလုပ်အကိုင် ခွဲခြား တာတွေ ဖြစ်ပါတယ်။
ဇူလိုင်လအတွင်း ဒီခွဲခြားမှုတွေကို စက်ရုံ ၁၂ ရုံမှာ တွေ့ရပြီး အဲဒီ စက်ရုံတွေကတော့ Alland Fashion Ltd ၊ Casico Garment ၊ GTIG Easter Garment၊ Lat War 1 ၊ Myanmar Fala Fala Clothing၊ Myanmar Guotai Huasheng Glory Fashion Garment ၊ New Plus ၊ Novel King ၊ Saiform International Garment Myanmar ၊ Shun Yu Myanmar Garment Co.,Ltd ၊ Shwe Myinn Washing Factory ၊ Sky Fashion Myanmar Co.,Ltd ဖြစ်ကြပါတယ်။
လူရွယ်ကလေးလုပ်သားများ ခိုင်းစေခြင်း
မြန်မာ အလုပ်သမား ဥပဒေအရ အလုပ် လုပ်နိုင်တယ်ဆိုတဲ့ အသက်အရွယ်ကို ၁၄ က စတင် သတ်မှတ်ထားပေမဲ့ အသက် ၁၈ နှစ်ပြည့်မှသာ လူကြီးလုပ်သား သဖွယ် လုပ်ကိုင်ခွင့် ပေးထားတာပါ။ ဥပဒေ အရ အသက် ၁၄ နှစ်ပြည့်ပြီး အသက် ၁၈ နှစ်ကြား လုပ်သားတွေကို လူရွယ်လုပ်သားအဖြစ် သတ်မှတ်ထားပြီး အလုပ်ချိန် ၆ နာရီသာ လုပ်ကိုင်ဖို့ ခွင့်ပြုထားပါတယ်။ အချိန်ပို လုပ်ကိုင်ဖို့ ခွင့်မပြုထားသလို လုပ်ငန်းခွင် ဝင်ရောက်ဖို့ မှတ်ပုံတင် ဆရာဝန်ရဲ့ အတည်ပြုချက်တွေ လိုအပ်ပါတယ်။
စစ်မှုထမ်း ဥပဒေကို အာဏာသိမ်းစစ်ကောင်စီက ပြဌာန်းပြီး လုပ်ငန်းခွင်အတွင်း လုပ်သားရှားပါးမှုတွေ တိုးပွားလာပါတယ်။ လုပ်သားလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရေးနဲ့ ရပ်တည်ဖို့ ခက်ခဲတဲ့ အခြေအနေတွေကြောင့် အသက်မပြည့်တဲ့ လူရွယ် လုပ်သား အများအပြား လုပ်ငန်းခွင်အတွင်း ဝင်ရောက်မှု များပြားခဲ့တာပါ။
ဒီလို အခြေအနေတွေရှိနေပေမဲ့ စက်ရုံတွေဘက်ကတော့ လူရွယ်လုပ်သားတွေရဲ့ ဥပဒေပါ အခွင့်အရေးတွေကို ငြင်းပယ်တဲ့ အပြင် လုပ်အားခေါင်းပုံဖြတ်မှုတွေ ပါ ပြုလုပ်ခဲ့တာပါ။
ဇူလိုင်လအတွင်း လူရွယ်ကလေးတွေကို ခိုင်းစေတဲ့ အကြောင်းအရာတွေထဲမှာ အလုပ်အချိန် လုပ်ငန်းတွေကို လူကြီး လုပ်သားတွေနဲ့ တန်းတူ လုပ်ကိုင်ရတာ၊ လုပ်ခလစာ လျှော့ပေးခံရတာ၊ အလုပ်ခန့်ထားပြီးမှ ခံစားခွင့်မပေးဘဲ အလုပ်ထုတ်တာ တွေ ဖြစ်ပါတယ်။
အဲလို အကြောင်းအရောတွေကို စက်ရုံ ၁၁ ရုံမှာ တွေ့ရပြီး အဲ့ဒီ စက်ရုံတွေကတော့ Alland Fashion Ltd ၊ EUROSTYLE (Myanmar)၊ He MeT Co.,Ltd ၊ Hundred Garment Myanmar ၊ LITA MYANMAR Co.,ltd ၊New Zhong Hui Co.,Ltd၊ Novel King ၊Shun Yu Myanmar Garment Co.,Ltd ၊ Shwe Myinn Washing Factory ၊ Sky Fashion Myanmar Co.,Ltd ၊ Xing Run Myanmar တို့ ဖြစ်ပါတယ်။
ဥပဒေ ခွင့်နဲ့ ခံစားခွင့် မပေးခြင်း
ခွင့်ခံစားခွင့်အတွက် ဥပဒေ သတ်မှတ်ပေးရတာက အလုပ်သမားတွေရဲ့ ဘဝလိုအပ်ချက်တွေ ဖြည့်ဖို့နဲ့ လုပ်ငန်းရဲ့ ထိရောက်တဲ့ စွမ်းဆောင်ရည် မြင့်တင်နိုင်ဖို့ ဖြစ်တယ်လို့ နိုင်ငံတကာက သတ်မှတ်ထားပါတယ်။ ဒါ့အပြင် အလုပ်သမားတွေရဲ့ လိုအပ်ချက်တွေကို အသိအမှတ်ပြုပြီး လူ့အခွင့်အရေးနဲ့ လုပ်သားအခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ အလုပ်သမားတွေ ရယူနိုင်တဲ့ ခွင့်အမျိုးအစားနဲ့ ခွင့်ခံစားခွင့်ကို ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အားလပ်ရက်များ အက်ဥပဒေ မှာ ပြဌာန်းထားပါတယ်။
ဇူလိုင်လအတွင်း ဥပဒေပါ ခွင့်နဲ့ ခွင့်ခံစားမပေးတဲ့ စက်ရုံ ၁၀ ရုံ ရှိပြီး အဲ့ဒီ စက်ရုံတွေကတော့ Alland Fashion Ltd ၊ Casico Garment ၊ LITA MYANMAR Co.,ltd ၊ Lucky Fortune Co.,ltd ၊ Myanmar Guotai Huasheng Glory Fashion Garment ၊ New Zhong Hui Co.,Ltd၊ Saiform International Garment Myanmar ၊Shun Yu Myanmar Garment Co.,Ltd ၊ Sky Fashion Myanmar Co.,Ltd ၊ West wood တို့ ဖြစ်ပါတယ်။
ဇူလိုင်လအတွင်း နောက်ထပ်တွေ့ရှိတဲ့ အကြောင်းအရောတွေထဲမှာ ကိုယ်ဝန်ဆောင် လုပ်သားတွေ ချိုးဖောက်ခံရတာ၊ လိင်ပိုင်းဆိုင် ထိပါးနှောင့်ယှက်တာတွေ ဆက်လက်ပါဝင်နေပါတယ်။ အထည်စံချိန် အတင်းအကျပ်တောင်းဆိုတာ၊ စစ်ဆေးမှုအား လိမ်လည်ဖြေကြားခိုင်းတာ၊ ကြီးကြပ်ရေးမှူးမှ ငွေကြေး ဖြတ်တောက်တာ၊ ဥပဒေမှာ အကာအကွယ်ပေးထားပေမဲ့ အလုပ်ချိန် ၅ နာရီကျော် ဆက်တိုင်လုပ်ကိုင်ရတာ၊ နေစားလုပ်သားတွေ ချိုးဖောက်ခံတာ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရတာ၊ တောင်းဆိုဆန္ဒပြမှုနဲ့အတူ WCC ဥပဒေကို မလိုက်နာတာတွေ ဆက်ရှိနေတာပါ။
အတင်းအဓမ္မ ခိုင်းစေမှု ဖြစ်တဲ့ နားချိန်အပြည့် မရတာနဲ့ တခြားအလုပ်တွေ လုပ်အားခိုင်းစေတာ၊ ပိတ်ရက် အတွက် အစားထိုး လုပ်ကိုင်ခိုင်းတာတွေလည်း ဖြစ်ပေါ်ဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ ပြဌာန်းချက်ဖြစ်တဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုကို ကိုချိုးဖောက်တာတွေ လည်း ဖြစ်ပေါ်ခဲ့ပါတယ်။
Myanmar Labour Society ရဲ့ ဆန်းစစ်မှုတွေက အလုပ်သမားတွေ၊ အလုပ်သမားအရေး လှုပ်ရှားသူတွေ၊ အလုပ်သမားသမဂ္ဂအဖွဲ့တွေနဲ့ အဖွဲ့ဝင်တွေ၊ အလုပ်သမားအဖွဲ့ချုပ်တွေအပါအဝင် ဒီကဏ္ဍနဲ့ ပတ်သက်သူတွေ အတွက် ရည်ရွယ်ပါတယ်။
မြန်မာ့ အလုပ်သမား ဥပဒေတွေက လွန်ခဲ့တဲ့ နှစ်များများစွာက ရေးဆွဲ ထားတဲ့ ဥပဒေ တွေဖြစ်ပြီး ခေတ်ကာလနဲ့အညီ ပြုပြင်ဖို့ လိုအပ်တဲ့ ဥပဒေတွေဖြစ်ပါတယ်။ လက်ရှိ အလုပ်သမားတွေ ချိုးဖောက်ခံရမှု အခြေအနေတွေကို ကာကွယ်ပေးနိုင်ဖို့ ထပ်မံဖြည့်စွက် ပြဌာန်းမဲ့ အကြောင်းအရာတွေအတွက် အခု တွေ့ရှိချက်တွေက အထောက်အပံ့ ဖြစ်မယ်လို့ Myanmar Labour Society က ယုံကြည်ထားပါကြောင်း တင်ပြလိုက်ပါတယ်။
Myanmar Labour News ရဲ့ လစဉ်အစီရင်ခံစာထွက်ရှိနိုင်ရေး နဲ့ အရည်အသွေးကောင်းမွန်တဲ့ လစဉ် နှစ်စဉ် အစီရင်ခံစာတွေ ထွက်ရှိနိုင်ရေး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နိုင်ရန်အ တွက် ဖိတ်ခေါ်ပါတယ်။
Myanmar Labour Society
Research Team